ခမ်းသားငေါဝ်း
ဩဂုတ် ၃၁၊၂၀၂၃
နိုင်ငံတကာစာမျက်နှာတွင် ပြည်သူများက မိမိတို့အားထောက်ခံကြိုဆိုကာ အေးချမ်းသာယာစွာစီမံအုပ်ချုပ်နိုင်ပြီဟု ထင်ယောင်ထင်မှားဖြစ်စေသည့် စစ်ကောင်စီအာဏာရိပ်မကင်းသည့် ပွဲတော်များအား သပိတ်မှောက်ကြရန် တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တိုက်တွန်းထားသည်။
တန်ဆောင်တိုင်ရိုးရာပွဲတော် ကျင်းပရာဒေသ၊ ဖောင်တော်ဦးဒေသစာရီကြွချီမည့်ဒေသ နှင့် မကမ်းမလှမ်းနေရာတွင်ရှိသည့် ညီနောင်သွေးချင်းများ စစ်ဘေးဒဏ်ကိုအလူးအလဲခံစားနေရချိန်တွင် အာဏာရိပ်မကင်းသည့် ပွဲတော်များအား သပိတ်မှောက်စေလိုကြောင်း ဖော်ပြထားပါသည်။
ရိုးရာပွဲတော်များ ကျင်းပရာဒေသတွင်း၌ လူမှုရေး၊စီးပွားရေး၊ဒေသဖွံ့ဖြိုးရေးစသည့် အကျိုးကျေးဇူးများရရှိသော်လည်း စစ်တပ်အတွက်ဝင်ငွေကြီးကြီး မားမားရလာနိုင်ပြီး ၎င်းဝင်ငွေဖြင့်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေမည့်လက်နက်တစ်ခုဖြစ်၍ သပိတ်မှောက်ရန်တိုက်တွန်းရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တရားဥပဒေစိုးမိုးမှုမရှိ အချိန်ကာလဖြစ်သည့်အတွက် ပွဲတော်ကာလများတွင် ငွေကြေးလုယက်မှုများ၊ လူသတ်မှုများ၊ ဆိုင်ကယ်/ကား ခိုးယူမှုများအပြင် အခြားခန့်မှန်းမရသည့် အခြေအနေများဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိနိုင်ငံအတွင်း စစ်တပ်မှနေရာဒေသအသီး
သီးတွင် လေကြောင်းတိုက်ခိုက်မှု၊မြေပြင်တိုက်
ခိုက်မှု၊ မီးရှို့ဖျက်စီးမှု စသည့်လူမဆန်သောအကြမ်းဖက်မှုများ နေ့စဥ်အမျှရှိနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ကြောင့် အာဏာရိပ်မကင်းသည့် ပွဲတော်များအား ဖြစ်မြောက်စေရန်ကူညီအားဖြည့်ခြင်းထက် တတ်နိုင်သမျှအကျဥ်းချုပ်ဖြင့် ဆောင်ရွက်စေလိုကြောင်း တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *