ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊၂၀၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး ဩဂုတ်လ(၂၆)ရက်နေ့ ည(၈)နာရီ(၅)မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နောင်မင်းအေးမောင်းနင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစားကားအား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှာဖွေစစ်ဆေးရာ ယာဥ်ပေါ်တွင် ဒေသကာလ ပေါက်ဈေး သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း(၃)လုံး သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ရာ ည(၉)နာရီခွဲအချိန် တပ်ကုန်းမြို့၊ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်၌ အဆိုပါမူးယစ်ဆေးဝါးများအားသယ်ဆောင်ခိုင်းသူ သန်းနိုင်နှင့် မမြမြသီတို့ကိုလည်း TOYOTA KLUGER အမျိုးအစားကားတစ်စီးနှင့် လက်ကိုင်ဖုန်း(၃)လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် အသက်(၂၆)နှစ် နောင်မင်းအေး၊ (၅၅)နှစ်တင်မောင်ထွန်း၊ (၃၀)နှစ်မနှင်းနှင်းဝေ၊ (၅၅)နှစ်ရှိ သန်းနိုင်နှင့် (၅၅)နှစ်မမြမြသီတို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း‌ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *