ခမ်းသားငေါဝ်း
သြဂုတ် ၂၈၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ကျပ်သိန်းလေးဆယ်ကျော် တန်ဖိုးရှိဘိန်းနှင့် ကျပ်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC myanmar ထုတ်ပြန်ချက် အရသိရသည်။
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ဩဂုတ်လ (၂၆) ရက်နေ့ ညနေ(၆)နာရီဝန်းကျင်တွင် ရွာငံမြို့မှ မန္တလေးမြို့ဘက်သို့မောင်းနင်လာသည့် ခရီးသည်တင်မော်တော်ယာဥ်အား ရပ်တန့်စစ်ဆေးရာမှတွေ့ရှိကြောင်းသိရသည်။
ယာဥ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် မလှဟန်(ခ)လှခင်၊ မဝီရိည(ခ)ညအေးနှင့် မကမဲလောတို့ထံ၌ ‌ဒေသကာလပေါက်ဈေးကျပ်သိန်း (၄၈.၄၅)တန်ဖိုးရှိ ဘိန်း(၁၆.၁၅)ကီလိုနှင့် ကျပ် သိန်း(၆၇.၂)တန်ဖိုးရှိ ဘိန်းဆီခဲ ၄.၂ ကီလိုသိမ်းဆည်း ရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသော အသက်(၄၉)နှစ် မလှဟန်(ခ)လှခင်၊ (၂၆)နှစ် မဝီရိည(ခ)ညအေးနှင့် (၂၈)နှစ်ရှိ မကမဲလောတို့ကို ရွာငံမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးဆိုင်ရာ ဥအဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကိုလည်း ဖော်ထုတ်လျက်ရှိကြောင်း CCDAC myanmar ထုတ်ပြန်ချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *