ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၊၂၀၂၃
မလေးရှားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လာမည့်ဩဂုတ်လ ၄ ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်ဖြင့် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ကွာလာလမ်ပူမြို့၊မြန်မာသံရုံးမှ နိုင်
ငံသားများအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးခြင်း၊ အသစ်လျှောက်ထားခြင်းကိစ္စများကို သံရုံးသို့ ကိုယ်တိုင်လာရောက်ရက်ချိန်းယူရခြင်းဖြစ်ပြီး လာမည့်စက်တင်ဘာလ ၄ရက်နေ့မှစတင်ကာ အွန်လိုင်းမှ OR Code ဖြင့်ရက်ချိန်းရယူရသည့်စန စ်ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
” အရင် ကျမတို့လုပ်တုန်းက တစ်လနီးပါးတော့စောင့်လိုက်ရတယ်၊ ဖောင်တွေကိုယ်တိုင်ဖြည့်ရတာပေါ့၊ အခုက online စနစ်နဲ့ဆိုတော့ ဘယ်လိုလာမလဲမသိဘူး၊ အဆိုးအကောင်းတော့ဒွန်တွဲနေတာပါပဲ၊ အချိန်ကုန်သက်သာမယ်၊ သွားလာစရိတ်သက်သာမယ်၊ တန်းစီစရာမလိုတော့ဘူးပေါ့၊ ဒါပေမယ့်တစ်ချို့ နားမလည်တဲ့သူအတွက်တော့ အချက်အလက်တွေဖြည့်တဲ့အခါ အခက်အခဲရှိသွားတာပေါ့၊ လိုင်းအဆင်မပြေတဲ့သူတွေအတွက်လည်း သူတို့အကြောင်းကြားတဲ့အခါ လိုင်းမရရင် မသိတာတို့ဖြစ်နိုင်တယ်” ဟုမလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ဆိုပါသည်။
Online မှ QR ရယူနိုင်ရန်မြန်မာသံရုံး၏ www.mekl.org သို့ ဖုန်းဖြင့်လည်းကောင်း၊ကွန်ပျူတာဖြင့်လည်းကောင်း ဝင်ရောက်၍ ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး ကိစ္စရပ်များကို သတ်မှတ်ပုံစံများတွင် ဖြည့်စွက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
QR Code ရယူပြီးသူများအား မြန်မာသံရုံးသို့လာရောက်ရမည့်ရက်ကို မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်သို့ SMS ပေးပို့အကြောင်းကြားမည်ဖြစ်ပြီး၊ သံရုံး၏လူမှုကွန်ယက်စာမျက်နှာ(facebook)နှင့် Website များတွင် အချိန်နှင့်တစ်ပြေးညီဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed