ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊၂၀၂၃
ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်ရှိ ဒေသခံနေအိမ် (၄၀)ကျော်ကို စစ်ကောင်စီတပ်က ၃ ရက်အ
တွင်း မီးရှို့ဖျက်စီးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိ (၃)ရက်တာအတွင်း ဖရူဆိုမြို့နယ်ရှိဒေါညေးခူရွာ နေအိမ် ၁၀လုံး၊ ထီးပေါ်ဆိုရွာ နေအိမ် ၃၀ လုံးကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားပါသည်။
၎င်းဖြစ်ရပ်အပြင် စစ်ရှောင်အများအပြားနေထိုင်
သည့် ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ နေရာ ၄ နေရာကိုလည်း စစ်ကောင်စီက ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်တွင် လေကြောင်းဖြင့် ဗုံး ၂လုံးကြဲချခဲ့ပြီး မိနစ်အနည်းငယ်အကြာ ၁၀ နာရီ ၃၂
မိနစ်တွင် ခမရ (၁၀၂)တပ်က ၁၂၀ မမ ၂လုံး၊ ၁၀ နာရီ ၃၈ မိနစ်တွင် လောင်ချာဒုံး ၂လုံး၊ ၁၀ နာရီ ၄၁ မိနစ်တွင် ၁၂၀ မမ ၁လုံး၊ ၁၀ နာရီ ၄၉ မိနစ်တွင် လောင်ချာ ၂လုံး လက်နက်ကြီးဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂လုံးနှင့် ကျောင်းအဆောက်အဦးတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ပါရှိသည်။
ဩဂုတ်လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ် နှင့်ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားမှုရှိနေပြီး စစ်ကောင်စီတပ်က အပြစ်မဲ့အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊နေအိမ်မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက် အဦးများ ဖျက်ဆီးခြင်း များလုပ်ဆောင်ခဲ့ကြောင်း KHRG က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီ နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားမှု ၇၆၆ ကြိမ်အထိရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၅၇၂ ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် ၁၆၃၉ လုံးနှင့်ဘာသာရေးအဆောက်အဦး ၃၉ လုံး ပျက်စီးခဲ့ကြောင်း PKPF က ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed