ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင်းနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး အယ်ဝေး က ဩဂုတ်လ ၂၈ ရက်နေ့တွင် ပစ်သတ်ခံခဲ့ရကြောင်း ခမ်းသားငေါဝ်း သတင်းရင်းမြစ်ထံမှ သိရပါသည်။
၄င်းသည် လက်ရှိတွင် #PNO ပအိုဝ်းပြည်သူ့စစ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီအချိန်တွင် #အမည်မသိလူ ၇ ဦးက ၄င်း #အယ်ဝေး အား ကြိုးထုပ်၍ ပစ်သတ်ခဲ့ကြောင်းသိရှိရပါသည်။
အယ်ဝေးအမည်ဖြင့်ကျေးရွာတွင် လက်နက်ကိုင်၍ ထင်တိုင်းကြဲနေသူတစ်ဦးဖြစ်ပြီး လောင်းကစားဝိုင်း များဖွင့်လှစ်ထားကာ ရွာသူ/သားများအပေါ် အခွန်အခများ #အဓမ္မကောက်ယူ နေသူတစ်ဦးဖြစ်ကြောင့် ‌ဒေသခံတစ်ဦးထံမှ သိရသည်။
“သူကရပ်ထဲရွာထဲမှာ လောင်းကစားဝိုင်းတွေ ဖွင့်တယ် ပြီးတော့အခွန်တွေလည်းအရမ်းကောက်တယ် သူက စကားများ ရန်ဖြစ်ရင် သေနတ်တွေ ပစ်ဖောက်တယ် စကားအသုံးအနှုန်းတွေလည်းအရမ်းကြမ်းတယ်” ဟု #အမည်မဖော်လိုသည့်ဒေသခံတစ်ဦး က ပြောသည်။
အယ်ဝေးသည် #နမ့်ဖါမူကျေးရွာ ရှိ ပအိုဝ်းပြည်သူ့ စစ် PNO အဖွဲ့ဝင်ဖြစ်သည့် #ခွန်မောင်ဝင်း ၏ လက်ထောက်တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
“ သူကအရမ်းရိုင်းတယ်။ အခင်းဖြစ်တဲ့ချိန်မှာ သူ သေနတ်တော့ယူမသွားဘူး ဘယ်သူလုပ်တာလဲတော့မသိဘူး။ ဘယ်အဖွဲ့အစည်းလဲတော့ မသိရဘူး။”ဟု ၎င်းက ပြောသည်။
အခင်းဖြစ်ပြီး ဒီမနက်တွင် PNO အဖွဲ့ က လူအယောက် ၃၀ ကျော် ဆင်းလာရောက်ပြီး ခွန်အယ်ဝေး၏ ရုပ်အလောင်းအား #မီးသင်္ဂြိုလ် ခဲ့ကြောင့် သိရှိရပါသည်။
သြဂုတ်လ ၂၁ ရက်နေ့တွင်လည်း ပင်လောင်းမြို့နယ် #နမ့်ဖါမူကျေးရွာ ရှိ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင်တစ်ဦး #ဦးမောင်ဝင်း နေအိမ်ကို ဖယ်ခုံ PDF တပ်ဖွဲ့များ ဝင်စီးကာ ခဲယမ်းများနှင့် ငွေကျပ်သိန်း ၉၀ ကျော် သိမ်းဆည်းခဲ့ရမိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *