ခမ်းသားငေါဝ်း
ဩဂုတ် ၃၁၊၂၀၂၃
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တိုက်လေယာဥ်နှစ်စီးဖြင့် အကြောင့်မဲ့တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
” မနက်အစောပိုင်းမှာ စစ်ကောင်စီ လေယဥ်ဝဲပျံနေတော့ ကင်းထောက်လေယာဥ်လို့ ထင်ကြတာပေါ့ ၊ တိုက်ပွဲဖြစ်တာတွေအဲနေရာမှာမရှိဘူး ၊စစ်ရှောင်စခန်းကိုပဲ အကြောင်းမဲ့ရည်ရွယ် ဗုံးကြဲချတယ်၊ ယာယီလူနေအိမ်တွေပျက်သွားတယ် ”ဟု ဒီးမော့ဆိုမြို့နေအမျိုးသမီးတစ်ဦးက ပြောသည်။
ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင်လည်း ယနေ့တစ်ရက်တည်းမှာပင် စစ်ကောင်စီက တိုက်လေယဥ်ဖြင့် ကင်းထောက်ပျံဝဲနေပြီး လေးကြိမ်အထိဗုံးကြဲတိုက်သွားကြောင်း သိရပါသည်။
ယနေ့ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်နေရာပြုလုပ်ခဲ့ပြီး နေ့ စဥ်နီးပါး လေကြောင်း၊ တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်နေမှုကြောင့် လူနေအိမ်များ၊စာသင်ကျောင်းများ ထိမှန်ပျက်စီးခဲ့‌ရကြောင်း၎င်းက ဆက်ပြောသည်။
သြဂုတ်လ ၂၆ ရက် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုရွာနှင့်ဒေါ်ညေးခူးကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ် ၃၀ ထက်မနည်းမီးရှို့ဖျက်ဆီးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *