ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊၂၀၂၃
စစ်ကောင်စီက တီမောလက်စတေးသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံမှထွက်ခွာသွားရန် နှင်ထုတ်ခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်ကောင်စီ၏ မလျော်ကန်ဥပဒေမဲ့ပြုကျင့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
နိုင်ငံတော်၏အာဏာကို ဥပဒေဘောင်ပြင်ပမှ လက်နက်အားကိုးဖြင့် သိမ်းယူထားသည့် တရားမဝင်စစ်ကောင်စီသည် နိုင်ငံတစ်ကာနှင့် သံတာမန်ဆက်ဆံရေးကိစ္စရပ်များတွင် ဆုံးဖြတ်ဆောင်ရွက်ခွင့် မရှိဘဲ မြန်မာပြည်သူလူထုက ရွှေးချယ်တင်မြောက်ထားသည့် တရားဝင်အစိုးရ၌သာ တည်ရှိကြောင်း NUG က ဆိုထားပါသည်။
စစ်ကောင်စီအဖွဲ့အစည်းအနေဖြင့် နိုင်ငံတော်၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်များအပေါ်ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိမည်မဟုတ်ကြောင်း နှင့်စစ်ကောင်စီ၏ မလျော်ကန်သော ဥပဒေမဲ့ပြုကျင့်နေကျဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒီမိုကရေစီအ​ခြေခံမှုများ ၊လူ့အခွင့်အရေးစံတန်ဖိုးများ၊လူသားချင်းစာနာထောက်ထားမှု များကိုလေးစားတန်ဖိုးထားသည့် တီမောလက်စတေးနိုင်ငံကဲ့သို့ မြန်မာပြည်သူလူထုနှင့်အတူရပ်တည်ပေးပြီး မြန်မာ့နိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ကူညီပံ့ပိုးမှုများလုပ်ဆောင်ပေးကြရန် မေတ္တာရပ်ခံချက်တွေပါဝင်ပါသည်ံ။
တီမောလက်စတေးနိုင်ငံတော်နှင့် ပြည်သူများကိုကိုယ်စားပြုပြီး မြန်မာနိုင်ငံတွင်သံတမန်ရေးရာ ထမ်းဆောင်နေသည့် သံရုံးယာယီတာဝန်ခံအား စက်တင်ဘာလ ၁ရက်နေ့မတိုင်မှီ မြန်မာနိုင်ငံမှ ထွက်ခွားသွားရန် စစ်ကောင်စီက ဖိအားပေးဆောင်ရွက်ခဲ့ပါသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ​ဆက်ဆံရေးထူထောင်မှုကြောင့် တီမောလက်စတေးနိုင်ငံခြားရေးဝန်ကြီးဌာနကို စစ်ကောင်စီက သံတမန်စာနှင့် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *