ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၊၂၀၂၃
ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ် ကျေးရွာ တစ်ရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီအချိန် လက်နက်ကြီး ပစ်ခတ်ခံရသည့်ရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တစ်ဖက်သက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ကြောင့် လူထိခိုက်သေဆုံးမှုနှင့် အရပ်သားပြည်သူနေအိမ်အချို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
“ရွာသားတွေကတော့ စစ်ကောင်စီထပ်ပစ်လာမှာကို ကြောက်နကြတယ် အခုထိတော့ ရွာသားတွေ အများကြီး မရှောင်ကြသေးဘူး ရှောင်သွားတဲ့လူ တစ်ချို့လည်း ရှိတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လူနေကျေးရွာ၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်း နှင့်စစ်ရှောင် နေထိုင်သည့်အရပ်‌ဒေသကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်‌နေကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။
ယခုအခါတွင် ကရင်နီပြည်သည် တိုက်ပွဲများ ကြောင့် လှုဦးရေ နှစ်သိန်းကျော်သည် တောတောင် များထဲတွင် စစ်ရှောင်နေရပြီး အဆိုပါစစ်ရှောင်များသည် စစ်ကောင်စီတပ်မှ လေကြောင်း နှင့်လက်နက်ကြီးများဖြင့် တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed