Month: September 2023

ရွှေတွင်းတွင် အိပ်ပျော်နေစဥ် မြေပြို၍ လူနှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ သာစည်မြို့နယ်၊ လယ်ပြင်ရွာကျေးရွာရှိ ရွှေတွင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် အိပ်ပျော်နေသည့် အလုပ်သမားနှစ်ဦး သေဆုံးသွားသည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၅ ရက် ည ၁၂…

PNO က ရုံးစရိတ် နှင့် စစ်ဖိနပ်ဖိုးဟုဆိုပြီး မကြာခဏ ပိုက်ဆံကောက်ယူ ဟုဆို

ခမ်းသားငေါဝ်း စက်တက်ဘာ ၂၇၊၂၀၂၃ လွိုင်လင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာများတွင် PNO ပြည်သူ့စစ်အဖွဲ့က ရုံးအတွက်နှင့် စစ်ဖိနပ်ဖိုး ဟုဆိုကာ ဒေသခံများထံမှာ မကြာခဏ ပိုက်ဆံကောက်ယူမှုများ ရှိနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “မြို့နယ်က ကျွန်တော်တို့ကို ပြောလာတာကတော့ ရုံးအတွက်…

PNA ပြည်သူ့စစ်က ပြောင်းများ ပေးမစိုက်သဖြင့် ဒေသခံတောင်သူများ ဝင်ငွေနည်းပါးရ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၆၊၂၀၂၃ ဆောင်းပြောင်းဒေသ လမ်းမကြီး‌ဘေးနှင့် PNA စခန်းအနီးတွင် ပြောင်းများကို ပေးမစိုက်သဖြင့်‌ တောင်သူများဝင်ငွေနည်းပါးလာရသည်‌‌ဟု ပြောင်းစိုက်‌တောင်သူတစ်‌ဦးက ပြောသည် ။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး နန်းနိမ့်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်း PNA ပြည်သူ့စစ်အဖွဲ့က ဩဂုတ်လတွင်‌…

ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်များရရှိသည့်ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံမှ အမြတ်ထုတ်ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၅၊၂၀၂၃ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကရင်နီစစ်ရှောင်များအတွက်ရရှိသည့် ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံ၏ အမြတ်ထုတ်ခြင်းခံနေရသည်ဟု စစ်ရှောင်တစ်ဦးကပြောပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသ ထီးကာကျေးရွာရှိ စစ်ရှောင်သူများအတွက် တောင်ကြီးအလှူရှင်တစ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့က တစ်အိမ်ထောင်လျှင်…

နောင်တရားတွင် ရုတ်တရက် မိုးရေကြီးပြီး သီးနှံစိုက်ခင်းနှင့် အသုံးအဆောင်များ ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၅၊ ၂၀၂၃ နောင်တရားဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးရုတ်တရက် ရေကြီးသဖြင့် သီးနှံစိုက်ခင်းနှင့် လူအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် စက်တင်ဘာလ၂၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက် ၁ တွင်ရုတ်တရက်ရေကြီးခဲ့ခြင်းဖြစ်သည်ဟု…

ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင်ပြင်ဆင်လျက်ရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် (၄၈)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့တွင် PNFC မှအသိပေးထုတ်ပြန်လိုက်သည်။ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင် ပြင်ဆင်ရာတွင် ပအိုဝ်းပြည်သူတစ်ရပ်လုံး တူညီသောအမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ပေးကြရန်…

စားဝတ်နေရေးအတွက် စိုက်ရသည့် ဘိန်းခင်းများ ဖျက်ဆီးခံရမည်ကို စိုးရိမ်ကြောင်း ဒေသခံများပြော

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ စစ်အာဏာသိမ်းပြီးနောက် လွိုင်လင်မြို့အနောက်ဘက်ရှိတောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုများလာပြီး ယခင်နှစ်ကလို ဘိန်းခင်းများဖျက်ဆီး ခံရမည်ကိုစိုးရိမ်ကြောင်းဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကဘိန်းပန်းပွင့်ချိန်တွင် အဆိုပါဒေသရှိ ဘိန်းခင်းပုံများအွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး ဘိန်းခင်းအကုန်လုံးနီးပါးဖျက်ဆီး ခံခဲ့ရကြောင်းဆိုသည်။ “အဲ့ချိန်က လက်ကမြင်းထပြီးပုံရိုက်ပြီးလိုင်းပေါ်တင်လိုက်လို့တဲ့ အဲ့နဲ့ရဲတွေ စစ်သားတွေက…

ပြည်သူ့ကာကွယ်ရေးတပ်များထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများသွားလာခွင့်ထိန်းချုပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ တောထဲရှိပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ကိုသွားရောက်ထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများ သွားလာခွင့်ကို ထိန်းချုပ်ထားသည်။ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာဒေသခံများကို တောခြံသွားလာခွင့်နှင့် ရွာအပြင်ထွက်ခွင့်များကို စစ်ကောင်စီတပ်သားများထံလက်မှတ်ရေးထိုး​ပြီး သွားလာရကြောင်းစုံစမ်းသိရှိရပါသည်။ ”သွားလာခွင့်လက်မှတ်တွေနဲ့အကြပ်ကိုင်ထားတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ လုံးဝမပတ်သက်​​​တော့ဘူးလို့ မိသားစုအလိုက်လက်မှတ်ထိုးသူတွေရှိတယ်”…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး စည်းရုံးရေးဆင်းပြီးနောက် စစ်ကောင်စီက ထိုရွာအတွင်း​လျှပ်စစ်မီးလိုင်းဖြတ်တောက်ထား

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၃၊ ၂၀၂၄ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF က ရပ်စောက်မြို့ရှိ ကျေးရွာအချို့ကိုစည်းရုံးရေးဆင်းခဲ့ပြီးနောက် အဆိုပါကျေးရွာများသို့ စစ်ကောင်စီတပ်သားများရောက်လာပြီး လျှပ်စစ်မီးများဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ကောင်းဘို့ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာအချို့ကို DPLF ကစက်တင်ဘာ ၁၉ ရက်က…

စစ်ဘေးရှောင်ခဲ့ရသည့်တောင်မဲသင်းဒေသခံများ ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်ခဲ့ရသည့်ရှမ်းပြည် နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်မဲသင်း ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေကြောင်းသိရသည်။ စစ်​ဘေးရှောင်ခဲ့ရသည့် တောင်မဲသင်းဒေသခံများသည် ဇူလိုင်လလယ်ကတည်းက နေရပ် ပြန်လာကြသော်လည်း စားဝတ်နေရေးအတွက်အခက်ခဲကြုံတွေ့နေရကြောင်းသိရ သည်။ “ရွာကိုစပြန်တဲ့ရက်ကဆိုခုထိမေ့လို့မရသေးဘူး။ခြောက်ကပ်ပြီးအိမ်တွေဆိုတော်တော်များများပျက်စီးနေတာမြင်ရတယ် အိမ်ပေါ်တက်တော့လည်းတစ်အိမ်လုံးကိုမွှေထားတာ ဘာမှရစရာမရှိဘူး။ ဆန်၊ ဆီ၊…