Month: August 2023

PDFအပါအဝင် တော်လှန်ရေးပြုလုပ်နေသူများ တွေ့ရှိပါက အကြောင်းကြားသတင်းပေးရန် ဒေသခံများအားခေါ်ပြော

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုရှိ အင်းကြီးကျေးရွဘုန်းကြီးကျောင်း တွင် PDF အပါအဝင် တော်လှန်ရေးပြုလုပ်နေသူများကို တွေ့ရှိပါက အကြောင်းကြားသတင်းပေးကြရန် စစ်ကောင်စီနှင့် လက်အောက်ခံများက အစည်းအဝေးခေါ်ပြောခဲ့ကြောင်း သိရှိရပါသည်။ အစည်းအဝေးပွဲကို ဇွန်လိုင်လ ၂၄ ရက်နေ့တွင် ​ပြုလုပ်ခဲ့ပြီး အနီးအနားရှိကျေးရွာများမှ လူဦးရေ တစ်ရာကျော်တက်ရောက်ခဲ့ကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရပါသည်။ ” လာဟောပြောတာက စစ်သားတွေလည်းပါတယ်…

စစ်တပ်သိမ်းမြေယာထဲရှိ လက်ဖက်ပင်များ တစ်ပင်ကို၂၀၀ ကျပ် အခွန်ပေးဆောင်ရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရင်းမှီးကျေးရွာ အနောက်ဖက် နှင့် အရှေ့ဖက်ရှိ စစ်တပ်သိမ်းဆည်းမြေယာများအတွင်း ရှိနေသည့်လက်ဖက်ပင်များကို တစ်ပင်လျှင်ငွေ ၂၀၀ ကျပ် အခွန်ပေးဆောင်မှသာ လက်ဖက်ညွှန့်များခူးယူခွင့်ရှိမည်ဖြစ်ကြောင်း ဇူလိူင်လ၂၅ရက်‌‌နေ့က သိရသည်။ “လက်ဖက်တွေကတော့ အရင်ဘိုးဘွားလက်ထက်ကတည်းကစိုက်ထားတာ နှစ်ရှည်ပင်ဆိုတော့လေ သူတို့က နောက်မ မြေလာသိမ်းတာ ဖျက်လိုက်ရင်လည်း နှမြောတယ်လေ။ အဲတာတွေကြောင့် အခွန်ဆောင်ပြီး နှစ်တိုင်းခူးနေရတာဒီနှစ်လည်း ဈေးသိပ်မရှိပါဘူး…

နှစ်သောင်းတန် ထုတ်မည်ဟုစစ်ကောင်စီကြေငြာပြီးနောက် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာမည်ကို ပြည်သူစိုးရိမ်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၄၊ ၂၀၂၃ စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေကျပ် ၂၀၀၀၀တန်အသစ်ကို ဇူလိုင်လ ၃၁ ရက်တွင်စတင်ထုတ်ဝေမည်ဟု ကြေညာပြီးနောက်ပိုင်း ကုန်စျေးနှုန်းများထပ်မံမြင့်တက်လာမည်ကို ​ပြည်သူ များစိုးရိမ်လျက်ရှိနေပါသည်။ ” အရင်ကဆို မိသားစုအတွက်စျေးရောင်းပြီး ဖူဖူလုံလုံလေးရှာကျွေးနိုင်တယ်၊အခုကုန်စျေးနှုန်းကလည်းတက်၊ ဆန်စျေးဆီစျေးလည်းတက် အရင်က ဒီလောက်ထိကုန်စျေးတက်မယ်လို့ မစဥ်းစားမိဘူး၊ ကိုယ်ကျွမ်းကျင်တဲ့ ကုန်စိမ်းပဲရောင်းတတ်တယ်၊အခြားအလုပ်လည်း မလုပ်တတ်တော့ ခက်ခဲတာပေါ့၊ အခုဆို ၂၀၀၀၀တန်ထွက်လာတော့မယ် ပြောတယ်၊…