ဆန်စျေးနှုန်းမြင့်တက်မှုကြောင့် ရွာငံတွင် ပြည်သူများဆန်ကွဲနှင့်ဆန်ဝါစားသုံးရသူများရှိလာ
ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း တွင် ဆန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ဆန်ကွဲနှင့်ဆန်ဝါစားသုံးရသည့် မိသားစုဝင်များရှိလာကြောင်း ဇူလိုင် ၃၁ ရက်နေ့တွင်သိရသည်။ အာဏာသိမ်းပြီး (၃)နီးပါးရှိလာချိန်၌ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်လာပြီး အခြေခံလူတန်းစား များအတွက် ဝမ်းစာဖြေရှင်းရာတွင် အခက်အခဲများရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အရင်က ဆန်တစ်အိတ် ၃ သောင်း၄ သောင်း၊ အခု ၇ သောင်းအထက်ရှိပြီ၊…