စစ်ရှောင်စခန်းများရှိ ရေသိုလှောင်ကန်အတွင်း ပိုးလောက်လန်းများကြောင့် ကူးစက်ရောဂါများဖြစ်လာမည်ကို စိုးရိမ်
ခမ်းသားငေါဝ်း ဩဂုတ် ၉၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေသိုလှောင်ကန်အတွင်း ပိုးလောက်လန်းများနေသဖြင့် ကူးစက်ရောဂါများဖြစ်လာမည်ကို စိုးရိမ် နေရကြောင်း သိရသည်။ ပိုးလောက်လန်းနှိမ်နင်းရန်နည်းလမ်းများနှင့် ကာကွယ်ခြင်းနည်းလမ်းများကို ပြည်သူများစုဝေးပြီး အသိပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း စစ်ရှောင်အရေးကူညီစောင်ရွက်သူတစ်ဦးက ဆိုပါသည်။ ” ပိုးလောက်လန်းကနေ ခြင်ဖြစ်လာတယ်၊ပိုးလောက်လန်းရှိ နေတဲ့ရေတွေကို ဖြစ်နိုင်ရင်မသောက်စေချင်ဘူး၊ ဒါမှမဟုတ် ဘိတ်ဆေးတွေ ခတ်ဖို့လိုမယ်ပေါ့၊ အခြားအစားထိုးသုံးလို့ရတာတွေလည်း သုံးလို့ရတယ်၊အမှိုက်တွေစနစ်တကျ…