Month: August 2023

ယခုနှစ် မျော့ကို တစ်ပိဿာ ရှစ်သောင်းကျပ် ဝယ်ယူလျက်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မျော့ကို စျေးကောင်းပေးကာဝယ်ယူနေကြောင်း မျော့ရှာဖွေရောင်းချသူထံမှ သိရှိရသည်၊၊ ပွဲစားများက မျော့တစ်ပိဿာလျှင် ငွေ ၈သောင်းကျပ် ဝန်းကျင်အထိ ပေးဝယ်နေကြောင်းသိရသည်၊၊ ယခုကာလတွင် မျော့ရောင်းချရန် စျေးကောင်းရရှိနေသော်လည်း လိုက်လံရှာဖွေရာတွင် မလွယ်ကူတော့ကြောင်း မျော့ရှာဖွေသူတစ်ဦးက ဆိုသည်၊၊ ” ဒီနှစ်လည်း မျော့တွေကိုဝယ်ကြတယ် တပိဿာကို ၈သောင်းကျပ် အထိပေးဝယ်ကြတယ် ဒါပေမဲ့…

၂၀၀၈ ကိုအခြေခံသည့် ရွေးကောက်ပွဲနှင့်လှုပ်ရှားမှု မှန်သမျှ မကူကြရန် ဟု KNU အထွေထွေအတွင်း ရေးမှူး ပြော

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ စစ်ကောင်စီက ပြင်ဆင်နေသည့် ၂၀၀၈ ကို အခြေခံ သောရွေးကောက်ပွဲအား ကရင်အမျိုးသားအစည်း အရုံးအနေဖြင့် လက်မခံကြောင်းနှင့် ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲကို အခြေခံသည့် လှုပ်ရှားမှုမှန်သမျှ မကူကြရန် KNU ၏ အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးကပြောဆိုခဲ့သည်။ ယမန်နေ့သြဂုတ်(၁၀)ရက်နေ့က ကျင်းပသည့် KNU ၏(၁၇)ကြိမ်မြောက်ကွန်ကရက်အစည်းအဝေးအပြီး ရက်(၁၀၀)ပြည့်အနေဖြင့် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။…

နိုင်ငံခြားတင်ပို့မှုအားကောင်းသဖြင့် ဂျင်းစိုက်ပျိုးတောင်သူများ ယခုနှစ် ဂျင်းစျေးကောင်းရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ယခုနှစ်နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ရှမ်းပြည်နယ်‌‌တောင်ပိုင်း ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများ ဂျင်းစျေးကောင်းရရှိနေကြောင်း ဩဂုတ်လ ၁၁ရက်နေ့တွင် သိရသည်။ ယခုလက်ရှိ ဈေးကွက်အတွင်း ဂျင်းပေါက်စျေးသည် ဂျင်းဥမအခက်ကြီး ၁ပိသာ (၇၀၀၀) ကျပ်အထိရရှိနေပြီး ဥမအခက်အလတ် ၁ ပိသာ (၃၇၀၀/၃၈၀၀)ကျပ် ပေါက်စျေးရှိကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။ ” ၂၀၂၁ ခုနှစ်တုန်းက ဂျင်းစျေး…

နမ့်ခမ်းမြို့နယ်တွင် မိုး‌ရေကြီးသဖြင့် မြေပြိုပြီး နေအိမ်များပျက်စီး၊ ကလေးတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသကျေးရွာအတော်များများတွင် မိုးရေကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး မန်ကန်ရွာရှိ အသက်(၁)နှစ်ကျော် ကလေးငယ်တစ်ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့သြဂုတ်လ(၉)ရက်နေ့ နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများတွင်မိုးသည်းထန်စွာရွာပြီးမြေပြိုမှုကြောင့် လူနေအိမ်များပျက်စီးကာ အသက် ၁ နှစ်ကျော်ကလေးတစ်ဦးလည်း မြေကြီးပိ၍ သေဆုံးခဲ့ရကြောင်းသိရသည်။ “အရင်ရက်ကတည်းက မိုးရွာတယ် မနေ့ကပုံမှန်ရွာတာမဟုတ်ပဲ သည်းသည်းထန်ထန်ရွာချတာ မြေတွေပြိုတယ်။…

မြဝတီကုန်သွယ်ရေးဇုန်တွင် လိုင်စင်ရကုန်များ မည်သည့်နယ်စပ်ဂိတ်မဆိုပြောင်းလဲတင်သွင်းခွင့်ပြု

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီလမ်းပိုင်း အာရှလမ်းမကြီးသည် ပြီးခဲ့သည့်သြဂုတ်လ ၇ ရက်နေ့ တွင် မိုး‌ရေကြီး၍ ပျက်စီးနေသည့်လမ်းကို ပြင်ဆင်မှုပြုလုပ်နေသဖြင့် ခွင့်ပြုချက်လိုင်စင်ရပြီး ပို့ကုန်သွင်းကုန်များအား မည်သည့်ဂိတ်မဆို ပြောင်းလဲတင်သွင်းခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးဌာနမှ ထုတ်ပြန်ထားပါသည်။ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ကုန်သွယ်ရေးဇုန်မှ မြန်မာ -ထိုင်းနယ်စပ်ရှိမည်သည့်ဂိတ်မဆိုပြောင်းလဲ တင်သွင်းခွင့်ရှိကြောင်း အသိပေးထားသည်။ ကုန်းလမ်းများအပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါက…

တောင်ကြီးမြို့တွင် စစ်ကောင်စီက လူ ၅ ဦးထက်မစုရ နှင့် ညမထွက်ရ အမိန့်ထုတ်ခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ်လ (၁)ရက်နေ့မှစပြီး လူ ၅ဦးအထက်မစုရနှင့် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။ အမိန့်ကို သြဂုတ်လ (၁) ရက်နေ့တွင် ထုတ်ပြန်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ထဲတွင် တာဝန်ယူလိုက်ကပ် ပေးနေကြောင်း သိရှိရပါသည်။ တောင်ကြီးမြို့နယ်အတွင်း လူ ၅ဦးထက်ပိုမစုရနှင့် စုဝေးခြင်း၊ ဟောပြောခြင်း၊…

ဖောင်တောင်ဦးဘုရားရုပ်ရှင်တော်မြတ်ကြီးအား ရိုးရာမပျက်(၂၁)ဌာန အပူဇော်ခံကြွရောက်သွားမည်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်ကြီးအား ရိုးရာမပျက် (၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲ ရိုးရာအစဥ်အလာအား ထိန်းသိမ်းသည့်အနေဖြင့် ယခုနှစ်တွင်ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ” ၂၀၁၉တုန်းက နောက်ဆုံးအကြိမ်ကျင်းပဖြစ်တာပါ၊ ၃နှစ်လောက်ရှိပြီ မလုပ်ဖြစ်တာ၊ကြားသိရသလောက် ဒီလိုဒေသစာရီကြွချီတာ နှစ်ပေါင်း ၄၀၀ ကြာပီ၊ အရင်နှစ်တွေက ကိုဗစ်ရောဂါကြောင့်မလုပ်ဖြစ်ဘူး၊…

စစ်ကောင်စီ၏ ကာလုံအစည်းအဝေးကို ပူးပေါင်းသည့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်အဖြစ်မှ ထုတ်ပယ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူအား စစ်ကောင်စီ၏ ကာလုံအစည်းအဝေးကို ပူးပေါင်းတက်ရောက်ခဲ့သဖြင့် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ဦးဟင်နရီဗန်ထီးယူသည် ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီအုပ်စုနှင့် (၃၁.၇.၂၀၂၃)နေ့တွင် ပူးပေါင်း ဆောင်ရွက်မှု တွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအဖွဲ့ဝင်အဖြစ်မှ…

ဆိုက်ခေါင်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု ကျူးလွန်သူအား တရားရုံးက ထောင်ဒဏ် နှစ် ၂၀ အမိန့်ချ

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်း မှုတွင် ကျူးလွန်သူတရားခံအား ဟိုပုံးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် အမိန့်ချလိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့က ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင် နေထိုင်သည့် ၁၁ နှစ်အရွယ် အမျိုးသမီးကလေငယ်အား တစ်ရပ်ကွက်တည်း နေထိုင်သူ ဦးထွန်အောင်က မုဒိန်းပြုကျင့် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး…

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားလာ၍ အထောက်အထားစုံလင်လိုအပ်

ခမ်းသားငေါဝ်း ဩဂုတ် ၉၊၂၀၂၃ မြန််မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ သွား‌ ရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာ၍ အ ထောက်အထားစုံလင်မှသာလျှင် အလုပ်ရရန်လွယ်ကူကြောင်း အလုပ်ရှာဖွေရေး အေးဂျင်းတစ်ဦးထံမှ သိရှိရသည်၊၊ လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းဖြင့် ဝင်ရောက်သူ များပြားလာပြီး အထောက်အထားမရှိသောကြောင့် အလုပ်ရှာဖွေရန် ခက်ခဲကြရကြောင်း သိရသည်၊၊ ” ဒီတစ်လနှစ်လအတွင်းကိုမှ အောက်လမ်း (တရားမဝင်လမ်း)ကနေပြီး ဝင်လာတဲ့သူက ရက်တိုင်းလိုလိုရှိနေတယ်။ ဖမ်းမိတာတွေလည်း…

You missed