Month: August 2023

အေးသာယာ အ.ထ.က ၂ ကျောင်းတွင်ကျူရှင်မယူနိုင်သည့်ကျောင်းသားများ ခွဲခြားဆက်ဆံခံနေရ

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊ ၂၀၂၃ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အေးသာယာ အထက ၂ ကျောင်းတွင် ဘာသာရပ်ပြဆရာ/မ များမှ ကျူရှင်မယူနိုင်သည့်ကျောင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ အရှက်ရသိမ်ငယ်အောင်ပြုလုပ်ခြင်းများရှိနေကြောင်း ဩဂုတ်လ(၁၆)ရက်နေ့တွင် သိရသည်။ ကျူရှင်မတက်ရောက်နိုင်သည့် ကျောင်းသား/သူ များကို အတန်းတွင်းကျူရှင်တက်သည့်ကလေးများနှင့် အပေါင်းအသင်းမလုပ်ခိုင်းခြင်း၊ အတန်း၏ နောက်ဆုံးခုံများ၌သာ ထိုင်ရခြင်း၊ အတန်းတွင်းမသင်ရသေးသည့် သင်ခန်းစာများအား စာမေးပွဲတွင် ထည့်သွင်းမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်းဒေသခံပြောပြချက်အရ…

မှော်ဘီလမ်းဆုံတွင် ဘုန်းကြီးဟန်ဆောင်ပြီး အကူညီတောင်းသဖြင့် ကူညီလိုက်ပို့ပေးရာမှ အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ပုန့်မူကျေးရွာအုပ်စု မှော်ဘီကျေးရွာတွင် ဘုန်းကြီးဟန်ဆောင်ပြီး မှော်ဘီလမ်းဆုံရှိ ဆိုင်တစ်ဆိုင်ကို အကူညီတောင်းရာမှ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်၊၊ ဖြစ်စဥ်သည် ယမန်နေ့ သြဂုတ်လ(၁၄)ရက်နေ့ ည ၅နာရီအချိန်တွင် ဦးပဇင်းဟန်ဆောင်၍ မှော်ဘီလမ်းဆုံရှိ ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးထံမှ အကူညီတောင်းပြီး ဆိုင်ရှင်အမျိုးသမီးက ဆိုင်ကယ်ဖြင့် ကူညီလိုက်ပို့ပေးရာ လမ်းတစ်ဝက်အရောက်တွင် ဆိုင်ကယ်လုယက်ခဲ့ကြောင်း သတင်းရင်းမြစ်ကဆိုသည်၊၊ ”…

နေ့စားအငှားလိုက်ဖြင့်ဝမ်းရေးဖြေရှင်းသည့် ပင်ခွန်စစ်ရှောင်စခန်းရှိ စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၃ နေ့စားအငှားလိုက်ဖြင့် ဝမ်းရေးဖြေရှင်းနေရသည့် ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေကြောင်း ဩဂုတ်လ ၁၅ ရက်နေ့တွင်သိရသည်။ အဆိုပါစစ်ရှောင်စခန်းရှိ စစ်ရှောင်များကို နေ့တိုင်းနေ့စားအငှားခေါ်ယူသူနည်းပါးလာသလို အလှူရှင်များလည်းလာရောက်မှု နည်းခြင်းကြောင့် အခက်ခဲ ကြုံတွေ့နေရသည်။ “ရတဲ့နေ့စားခနဲ့ဝမ်းစာကိုအဓိကဖြေရှင်းနေရတယ်။အလှူရှင်တွေကပြီးခဲ့တဲ့ ဇွန်လကတည်းကမလာတော့ဘူး။နေ့စားကလည်းနေ့တိုင်းရှ်ိနေဒါမဟုတ်တော့စားနပ်ရိက္ခာဖြေရှင်းတဲ့နေရာမှာအခက်ခဲဖြစ်တာပေါ့”ဟုစစ်ရှောင်တစ်ဦးကပြောသည်။ လက်ရှိပင်ခွန်စစ်ရှောင်စခန်းတွင်စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်ရှိနေပြီးစားနပ်ရိက္ခာများအပြင် ကျန်းမာရေး စောင့်ရှောက်မှု လည်းလိုအပ်ကြောင်းသိရသည်။ ပင်လောင်းမြို့…

ကျေးရွာဆေးပေးခန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများက ဒေသခံတစ်ဦးကို သေနတ်ဒင်ဖြင့် ဝိုင်းထုရိုက်နက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ(မြောက်ရွာ) ကျေးရွာဆေးပေးခန်းတွင် တပ်စွဲနေထိုင်​သည့် စစ်ကောင်စီတပ်သားများက ဒေသခံအမျိုးသားတစ်ဦးကို ဆေးခန်းအတွင်း​​​ခေါ်ဆောင်၍ သေနတ်ဒင်များဖြင့်ဝိုင်းထုခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၁၃ ရက် နေ့လည်ပိုင်းအချိန် ရွာငံမြို့မှ ဓါတ်မြေသြဇာအိတ်ဝယ်ယူပြီး ဆိုင်ကယ်ဖြင့်တင်ဆောင်မောင်းနှင်လာစဥ် ကျေးရွာဆေးပေးခန်းရှေ့အရောက်တွင် စစ်ကောင်စီတပ်သားများက တားဆီးရိုက်နက်ကြောင်း သိရပါသည်။ ” ဆိုင်ကယ်ကို အရင်တားတယ်။ ပြီးတော့ ဆေးခန်းထဲဲဲဲဲဆွဲခေါ်ပြီး…

စစ်တပ်အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လအတွင်း ရွှေဈေး ၃၇ သိန်း‌ကျော်အထိမြှင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊၂၀၂၃ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကာလ ယနေ့အထိ မြန်မာငွေကျပ်တန်ဖိုးကျဆင်း၍ ဒေါ်လာဈေး နှင့် ရွှေဈေးများ အဆမတန်မြှင့်တက်လာခဲ့ကြောင့် သိရသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ အချိန်တွင် ပြည်တွင်း‌ရွှေဈေးသည် အခေါက်ရွှေ ဝယ်ဈေး သိန်း(၃၇၂၀,၀၀၀ ကျပ်) အထိရှိပြီး ရောင်းဈေးမှာ သိန်း(၃၇၇၀၀,၀၀…

စစ်တပ်အရန်အင်အားဖွဲ့စည်းရန် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများအား စာရင်းပြုစုနေ

……………………… ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၃ အာဏာသိမ်းပြီး၂နှစ်ကျော်ကာလအတွင်း အင်အားချည့်နဲ့လာသည့် စစ်ကောင်စီတပ်သည် ဌာနဆိုင်ရာရှိ Non-CDM ဝန်ထမ်းများအား အရန်အင်အားပြည်သူ့စစ်တပ်ရင်းအသွင်ဖွဲ့စည်းရန် ညွှန်ကြားစာထွက်လာကြောင်း သိရသည်။ ရှမ်းပြည်နယ် စစ်ကောင်စီလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းလက်မှတ်ရေးထိုး၍ သြဂုတ်လ ၉ ရက်နေ့ ညွှန်ကြားစာကိုအွန်လိုင်းပေါ်တွင်ပျံ့နှံ့လာခဲ့ပြီး ရှမ်းတောင် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် နယ်မြေအတွင်း ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရန်အတွက်…

ပအိုဝ်းဒေသ ဆက်ကြေးပိုမိုကောက်လာခြင်းကြောင့် ‌ဒေသခံအမျိုးသမီးများအပေါ် ဝန်ပိုပိလာ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာများတွင် ဆက်ကြေး ဆက်ကြေးကောက်မှုပိုမိုများလာခြင်းကြောင့် ဒေသခံအမျိုးသမီးများအခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံပြည်သူစစ်မှ ဆက်ကြေးကောက်ရာတွင် အနည်းဆုံး ၃၀,၀၀၀ (သုံးသောင်းကျပ်) ၊ ၅၀,၀၀၀ (ငါးသောင်းကျပ်) မှ အများဆုံး ၁ သိန်း ရှိကြောင်းသိရသည်။ စစ်တပ်အာဏာသိမ်းကာလ၌ ပြည်သူလူထုများ အခက်အခဲများစွာ ကြုံတွေ့နေရသည့် အခြေအနေတွင် မတရားဆက်ကြေးကောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ကြောင်းနှင့် လူမဆန်သော…

အင်တောမြို့ စစ်ကောင်စီလက်အောက်ခံပျူစောထီးခေါင်းဆောင် ကိုဆန်းညွန့် ပစ်သတ်ခံရ

. ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ၊အင်တောမြို့၊အမှတ် ၆ ရပ်ကွက်ခေါ် (သုန်တန်းရပ်) နေထိုင်သူ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ကိုဆန်းညွန့်ကို သြဂုတ်လ ၁၃ ရက်ည ၉ နာရီ အချိန်ခန့်မှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရပါသည်။ ပစ်သတ်ခံရသော ကိုဆန်းညွန့်က အသက်အရွယ် ၅၀ ဝန်းကျင်ရှိပြီး ကျောက္ကူ ၊အင်တောတစ်ဝိုက်တွင်…

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအလုပ်ထုတ်ပယ်ခံရမှု ၄၁ ရာခိုင်နူန်းထိမြင့်တက်ခဲ့

ခမ်းသားငေါဝ်း သြဂုတ် ၁၃၊ ၂၀၂၃ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) စစ်တမ်းသစ်တစ်ခုအရ မြန်မာနိုင်ငံအတွင်း စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ပယ်မှုသည် ၄၁ ရာခိုင်နှုန်းထိ​မြင့်တက်ခဲ့ကြောင်း သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အလုပ်အကိုင်ရပ်စဲမှုသည် ၂၃.၅ရာခိုင်းနှုန်းတိုးလာခဲ့ကြောင်းသိရသည်။ ” မြန်မာနိုင်ငံက အလုပ်သမားတွေမှ တစ်မူထူးခြားစွာ ခက်ခဲတဲ့ အခြေအနေတွေကို အစုံံလိုက်ရင်ဆိုင်နေရပါတယ်၊ဒီစစ်တမ်းက အလုပ် သမားအခွင့်အရေးကို…

အာဏာသိမ်း၂နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း မီးရှို့ခံရသည့်ပြည်သူနေအိမ် ၇သောင်းကျော် အထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊၂၀၂၃ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူများနေအိမ် ၇ သောင်းခွဲဝန်းကျင်အထိ မီးရှို့ဖျက်စီးခံရသည်ဟု Data For Myanmarက သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊ အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ ၂၀၂၃ခုနှစ် ဇူလိုင်၃၁ရက်နေ့အထိ စာရင်းများအရ အရပ်သားပြည်သူနေအိမ် (၇၄,၈၇၄)လုံး မီးရှို့ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်၊၊ ၂…

You missed