Month: August 2023

ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ရှမ်းပြည် နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း ဩဂုတ်လ(၂၃)ရက်နေ့ ညနေ(၄)နာရီ အချိန်တွင်…

ကရင်နီပြည် မော်ချီဒေသတွင် ဆန်တစ်အိတ် ၄ သိန်းကျပ်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ် ဖြင့်ပေးဝယ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ကယား(ကရင်နီ)ပြည် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်မှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများသည် စားသုံးကုန်များကို မြင့်မားသည့်‌ဈေးနှုန်းဖြင့် ပေးဝယ်နေရကြောင်း သိရသည်။ တဖက်တွင်လည်း စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ ပို့လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်း၊ စစ်ဆေးတင်းကြပ်ခြင်းများကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း…

ရွာငံတွင် ဗေဒင်ဆရာတစ်ဦးကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်းပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် နေထိုင်သည့် ဗေဒင်ဆရာလူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါသည်။ ဗေဒင်ဆရာလူငယ်မှာ အသက် ၂၀ အရွယ်ဝန်းကျင်ရှိပြီး ဗေဒင်၊ဆေးမှင်ကြောင်၊သုပ်ထိုးအတတ်ပညာ များနဲ့…

တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ဩဂုတ်လ(၂၂)ရက်နေ့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ်လ(၂၂)ရက်နေ့ ညနေ(၄)နာရီ ၅၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တောင်ကြီး-ဆိုက်ခေါင်သွားလမ်းတွင် တင်ထွန်း(ခ)ငတုတ် မောင်းနှင်ပြီး…

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ PDF တပ်ရင်းများထံ NUG အစိုးရက Drone အစင်း (၄၀၀)ကျော်ပေးပို့

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေး (PDF)တပ်ရင်းများထံ Drone အစင်း(၄၀၀)ကျော် ပို့ဆောင်ထားကြောင်း ဩဂုတ်လ(၂၃)ရက်နေ့ NUGအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ဆောင်ထားသည့် Droneများကို ရှေ့တန်းစစ်မြေပြင်များတွင်…

ဆီဆိုင်လဝကရုံးတွင် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်သည့် ပြညသူလူထုများထံ အခကြေးငွေ အလွန် အကျွံ တောင်းရမ်းမှုရှိနေ ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများနိုင်ငံသားမှတ်ပုံတင်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးဝန်ထမ်းများက ဖိနှိပ်ခွဲခြားဆက်ဆံခြင်း နှင့် လာဘ် စားခြင်းများ ရှိနေကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရပါသည်။ ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ဆီဆိုင်မြို့နယ်…

အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ဝန်ထမ်းများအခက်ခဲကြုံတွေ့လာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ရုံးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ အခက်အခဲကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်၊၊ လက်ရှိအချိန်တွင် ရှမ်းဆန် တစ်ပြည်လျှင် ၄၅၀၀/၅၀၀၀ ကျပ် အထိစျေးတက်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် တစ်သောင်းကျော်ရှိနေကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးထံမှ…

မိုးအဆက်မပြတ်ရွာသွန်းပြီးရေကြီးမှုကြောင့်ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင်သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင် ၄ ရက်ဆက်တိုက်မိုးရွာသွန်မှုကြောင့်ရေကြီးရေလျှံ ပြီး ကားလမ်းမပိတ်ဆို့ကာဒေသခံများ သွားလာရေးခက်ခဲနေကြောင်းသိရသည်။ လမ်းမကြီးပေါ် ရေကြီးရေလျှံမှု ကြောင့်တစ်ခြားကျေးရွာသို့ နေ့ချင်းပြန် အလုပ်လုပ်‌ နေတဲ့ပြည်သူများအတွက်အခက်ခဲများစွာကြုံတွေ့‌နေရကြောင့်သိရသည်။ “ဒီမနက်တစ်ခြားရွာကိုအလုပ်သွားမလို့ ဆီးဘူးရွာဘက်ရောက်တော့လမ်းကဖြတ်လို့မရဘူး။ရေတွေကလမ်းမပေါ်မှာပြည့်နေလို့ပြန်လှည့်လာခဲ့ရတယ်။ဒီအတိုင်းဆိုရေကတစ်ရက်နှစ်ရက်နဲ့ကျမဲ့ပုံမမြင်ဘူး။အလုပ်ကဆက်တိုက်ပျက်ရတော့မယ်”ဟု ဒီးမော့ဆို အနောက်ဘက်ခြမ်းဒေသခံတစ်ဦးကပြောသည်။…

ဓားပြတိုက်၊မုဒိန်းကျင့်ခံရသည့်ရွာငံက အမျိုးသမီးကျူးလွန်သူ တရားခံမမိသေး

ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တောင်ဘက် ရွာငံသွားလမ်းဘေး ကျေးရွာတစ်ရွာတွင် ဓားပြတိုက်၊မုဒိန်းကျင့်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးအတွက် တရားခံဖမ်းမိခြင်းမရှိ သေးကြောင်း သြဂုတ်လ ၂၁ ရက်နေ့က စုံစမ်းသိရှိရပါသည်။ စားကျက်ကွင်းတွင်ကျွဲသွားယူပြီး အပြန်လာလမ်း၌ ဓားပြတိုက်၊ မုဒိန်းကျင့်ခံရသည့်…

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားဝင်ငွေကိုင်ဆောင်ထားသူများအား အရေးယူသွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်အသိပေး

ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ပြုချက်/လိုင် စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ထားရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်ကဩဂုတ်လ၂၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ နိုင်ငံခြားသုံးငွေကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လက်ဝယ်တွေ့ရှိမည်ဆိုပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်ငွေနှစ်ရပ်လုံးကျခံပြီး…