…………………
ခမ်းသားငေါဝ်း
သြဂုတ် ၂၁၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းဒေသ နမ်းပါချီကျေးရွာအုပ်စု လွယ်ခေါ်ရွာအခြေ စိုက် PNAပြည်သူ့စစ် တပ်ခွဲ (၉) ဗိုလ်လေးအောင်အဖွဲ့က ဩဂုတ်လ ၉ ရက်နေ့တွင် မောက်မွန်အုပ်စု နှင့် နောင်ဒေးအုပ်စုမှ ဒေသခံများကို မူးယစ်းဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲ ဖမ်းဆီး ရိုက်နှက်ပြီး သိန်း(၂၀) ဖြင့် ပြန်လည်ရွေးခိုင်းသည်ဟု ဒေသခံများထံ သိရသည်။
ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦးလျှင်ငွေကျပ် သိန်း (၂၀)ဖြင့် ပြန်လည် ရွေးခိုင်းပြီး၊ ပြန်မရွေးနိုင်ပါက ၄င်းတို့တပ်ထဲသို့ ဝင်ရောက်ရမည်ဟုခြိမ်းခြောက်ပြော ဆိုကြောင်းသိရ သည်။
“သူတို့က ဘိန်းမတွေ့ရင် လူကိုရိုက်ပြီး စစ်ဆေးတယ် ပြီးတော့ ဒဏ်ငွေ သိန်း (၂၀) နဲ့ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်ရင် သူတို့ရဲ့​ပြည်သူ့စစ်တပ်ထဲ ဝင်ပေးရတယ်” ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းသို့ ပြောသည်။
ပြည်သူကိုကာကွယ်ပေးရမည့်အဖွဲ့ တပ်ဖွဲ့က ပြည်သူကိုပြန်ပြီးအနိုင်ကျင့်နေခြင်းကို လက်ခံနိုင်စရာအကြောင်းမရှိဘူးဟု ၎င်းကဆက်ပြောသည်။
အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကလည်း“စစဖြစ်တုန်းက ရွာက ကောင်လေး ၂ ယောက်ကို မီးခြစ်တွေ့လို့ဆိုပြီး အရင်ဖမ်းတယ်။ ပြီးတော့ သူတို့ကို ရိုက်နှက်ပြီး ကျေးရွာမှာ ဘယ်သူတွေ မူးယစ်ဆေးဝါးသုံးလဲလို စစ်ဆေးမေးမြန်း စာရင်းလုပ်ပြီး နောက်တစ်လနေမှဒေသခံကိုထပ် လာဖမ်းလိုက်တာ” ဟု ပြောသည်။
လက်ရှိအဖမ်းခံရသူသည် မူးယစ်းဆေးဝါး သုံးစွဲမှုမရှိဘဲ PNA ပြည်သူ့စစ်ကသံသယဖြင့်စွပ်စွဲပြီး သက်သက် အနိုင်ကျင့် ငွေညစ်နေခြင်းဖြစ်ကြောင်းဒေသခံများကပြော သည်။
အပြစ်မရှိပဲ အဖမ်းခံရ သူသည် ငွေကြေးသိန်း ၂၀ ပေးရန်အလွန်ခက်ခဲပြီးရှိတဲ့ပစ္စည်းထုခွဲရောင်းချပြီး လူကိုပြန်ရွေးရသလို ထိုသို့အနိုင်ကျင့်ခံရသည်ကိုအထက်လူကြီးများသိ စေချင်ကြောင်းဒေသခံများကပြောသည်။
“မျက်စိရှေမှာမြင်ပြီး ဖမ်းတာ မဟုတ်ဘူး သတင်းအတိအကျ မသိဘဲ စွပ်စွဲပြီ ဖမ်းတာ အဖမ်းခံရသူက မလုပ်ရဘူးလို့ ပြောရင် ထပ်ရိုက်တယ် အရိုက်ခံရခြင်းမခံနိုင်တော့ ဆေးစွဲသည်ဖြစ်စေ ဆေးမစွဲသည်ဖြစ်စေ သူတို့မေးရင် ဟုတ်တယ်လို့ပဲ ပြောရတယ်” ဟု အခြား ဒေသခံတစ်ဦးက ထပ်ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး PNA ပြည်သူ့စစ် ဌာနချုပ်မှ ဗိုလ်မှူးခွန်လှမောင် ကို ခမ်းသားငေါဝ်း မှမေးမြန်းရာ“ကျွန်တော်တို့ရုံးအနေနဲ့ ဒီကိစ္စမှာ ဘာမှမသိထားဘူး ဖြစ်စဉ်မှာဖြစ်တဲ့သူကိုပဲ သွားမေးမှရမှာ ဦးလှမောင်အနေနဲ့လည်းဘာမှမသိရဘူး” ဟုပြောသည်။
ထိုဒေသတွင် ဝေးလံခေါင်ဖျားပြီး ပြည်တွင်းစစ်ဒဏ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏အနိုင်ကျင့်ခြင်းဒဏ်များကိုလည်းခံခဲ့ရသည့်ဒေသဖြစ်သည်။
#PPV 009

Leave a Reply

Your email address will not be published. Required fields are marked *