ခမ်းသားငေါဝ်း
ဩဂုတ် ၂၃၊၂၀၂၃
ရှမ်းပြည်နယ်တောင်းပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် နေထိုင်သည့် ဗေဒင်ဆရာလူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါသည်။
ဗေဒင်ဆရာလူငယ်မှာ အသက် ၂၀ အရွယ်ဝန်းကျင်ရှိပြီး ဗေဒင်၊ဆေးမှင်ကြောင်၊သုပ်ထိုးအတတ်ပညာ များနဲ့ အသက်မွေးဝမ်း‌ကျောင်းပြုနေသူဖြစ်တယ်ဟု ဒေသခံများထံမှ သိရှိရပါသည်။
” သူကတော့ နိုင်ငံရေးတွေ ဘာတွေနဲ့တော့ အရှုပ်အရှင်းကင်းတယ်။သူ့အိမ်မှာပဲ ဗေဒင်၊ယတြာလာမေးသူနဲ့ပဲ အလုပ်ရှုပ်နေတဲ့သူ ၊အခုလာဖမ်းသွားတယ်ဆိုတာကလည်း ဟိုးအရင်ကတည်းက စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ရဲစခန်းကလူဆီမှာ သူကဆေးပေါက်ပေးဖူးတဲ့ ကိစ္စနဲ့ခေါ်သွားတယ်” ဟု ဗေဒင်ဆရာနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံမြို့နယ်ရဲစခန်းတွင် ဗေဒင်ဆရာကို စစ်ဆေးမေးမြန်းမှုပြုလုပ်နေပြီး တော်လှန်ရေးနှင့် ပတ်သက်နေသူမဟုတ်သဖြင့် စိုးရိမ်စရာ မရှိိကြောင်း ၄င်းက ဆက်ပြောသည်။
မတ်လအတွင်း သိမ်ကုန်းကျေးရွာ နေထိုင်သည့် အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီက ယခုအချိန်ထိ ရွာငံမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားပြီးမိသားစုဝင်များနှင့် ရုံးချိန်းနေ့ရက်များတွင်သာ တွေ့ဆုံခွင့်ရကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *