ဩဂုတ် ၂၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ် #မျှားကလေးကျေးရွာ တွင် နေထိုင်သူ #အမျိုးသား ၂ ဦးအား နေအိမ်အတွင်း သြဂုတ်လ ၂၃ ရက်ညအချိန်တွင် #အသတ်ခံရ ၍ သေဆုံးနေကြောင်း စုံစမ်းသိရှိရပါသည်။
အသတ်ခံရသည့်ရွာသား ၂ဦးသည် ဦးလှမင်း နှင့် ဦးလှမင်း၏သားမက်တို့ဖြစ်ပြီး #ဦးလှမင်း ၏သမီးအငယ်ဆုံးကလည်း ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း #ဒေသခံများ ပြောပြချက်အရ သိရသည်။
” ရွာထဲမှာတော့ သူရဲ့အိမ်မှာ ရွားသားတွေက မီတာခသွားဆောင်ကြတယ်။ ဘယ်လိုပုံံစံနှင့် အသတ်ခံရတာလဲ ဆိုတဲ့ အသေးစိတ်တော့ မသိရသေးဘူး၊ ရွာသားတွေက ဒီမနက်မှ သူတို့အသတ်ခံရမှန်း သိကြတယ်၊ ဘယ်သူဘယ်ဝါ သတ်သွားတာလဲ မသိရဘူး။”ဟု များကလေးရွာနေထိုင်သူ #လူငယ်တစ်ဦး က ခမ်းသားငေါဝ်းကို ပြောသည်။
ယခုအခါ #ရွာငံမြို့နယ်ဆေးရုံ ရင်ခွဲရုံအတွင်းရှိ ထို ရုပ်အလောင်းများကို #ရဲနှင့်စစ်သားများ က လာရောက်သယ်ဆောင်သွားကြောင်း #ခမ်းသားငေါဝ်း မှ စုံစမ်းသိရှိရပါသည်။
အသတ်​ခံရသည့် ဦးလှမင်းနှင့် သားမက်ဖြစ်သူကိုယခု #တော်လှန်ရေးအတွင်း ပါဝင်ပတ်သက်မှု ရှိ မရှိ ကိုမူ မသိရှိရကြောင်း ဒေသခံများက ပြောကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *