ခမ်းသားငေါဝ်း
ဩဂုတ် ၂၂၊၂၀၂၃
ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင် ၄ ရက်ဆက်တိုက်မိုးရွာသွန်မှုကြောင့်ရေကြီးရေလျှံ ပြီး ကားလမ်းမပိတ်ဆို့ကာဒေသခံများ သွားလာရေးခက်ခဲနေကြောင်းသိရသည်။
လမ်းမကြီးပေါ် ရေကြီးရေလျှံမှု ကြောင့်တစ်ခြားကျေးရွာသို့ နေ့ချင်းပြန် အလုပ်လုပ်‌ နေတဲ့ပြည်သူများအတွက်အခက်ခဲများစွာကြုံတွေ့‌နေရကြောင့်သိရသည်။
“ဒီမနက်တစ်ခြားရွာကိုအလုပ်သွားမလို့ ဆီးဘူးရွာဘက်ရောက်တော့လမ်းကဖြတ်လို့မရဘူး။ရေတွေကလမ်းမပေါ်မှာပြည့်နေလို့ပြန်လှည့်လာခဲ့ရတယ်။ဒီအတိုင်းဆိုရေကတစ်ရက်နှစ်ရက်နဲ့ကျမဲ့ပုံမမြင်ဘူး။အလုပ်ကဆက်တိုက်ပျက်ရတော့မယ်”ဟု ဒီးမော့ဆို အနောက်ဘက်ခြမ်းဒေသခံတစ်ဦးကပြောသည်။
ရေနုတ်မြောင်းများပေးထားခြင်းမရှိသည့်အတွက်မိုးအဆက်မပြတ်ရွာသွန်းချိန်တွင်ရေးများထွက် ပေါက်မရှိဘဲကားလမ်းမကြီးပေါ်လျှံတက်ပိတ်ဆို့ခြင်း ဖြစ်ကြောင်းသိရသည်။
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ကရင်နီ(ကယား)ပြည်နယ်တွင်စိုက်ပျိုးရေးခြံခင်းများလည်းပျက်စီးပြီး၊ လမ်းများပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *