ခမ်းသားသငါဝ်း
ဩဂုတ် ၂၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်ကြီးအား (၂၁)ဌာန ဒေသစာရီကြွချီပွဲကျင်းပမည်ဖြစ်ပြီး ရပ်ဝေး/ရပ်နီးမှပြည်သူများလာရောက်ဖူးမျှော်ကြရန် ဖိတ်ခေါ်ထားပါသည်။
နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲအား ရိုးရာမပျက်အစဥ်အလာထိန်းသိမ်းသည့်အနေဖြင့် ၃နှစ်ကြာမကျင်းပဖြစ်ရာမှ ယခုနှစ်တွင်ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
” ဒေသခံပြည်သူတွေကလည်း စိတ်ထဲပီတိဖြစ်တာပေါ့ဗျာ၊ မလုပ်ဖြစ်တာလည်း ၃နှစ်ကြာပြီဆိုတော့လေ ဒီနှစ်တော့စည်ကားစွာကျင်းပဖို့ တက်ကြွစွာပြင်ဆင်နေကြတယ်။ အရင်နှစ်တွေကတော့ လာရောက်ဖူးမျှော်သူများတယ်၊ ကျင်းပတဲ့ပွဲမှာတော့ တိုင်းရင်းသားဝတ်စုံ၊အင်းဝတ်စုံလေးနဲ့ လှည့်လည်ရာမှာ ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်”ဟု ဂေါပကအဖွဲ့ဝင်တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
၃ နှစ်ကြာမှပြန်လည်ပြုလုပ်ရသည့် ရိုးရာမပျက် ဒေသစာရီကြွချီပွဲအား အခက်အခဲမရှိအောင်မြင်စွာပြုလုပ်သွားနိုင်ရန် ရည်မှန်းထားကြောင်း ဆိုပါ
သည်။
” ဒီနေ့ဒုတိယအကြိမ်ဆွေးနွေးရာမှာတော့ အခက်
အခဲမရှိကြဘူး၊ ရိုးရာမပျက်ကျင်းပသည့်ပွဲဖြစ်တဲ့အတွက် နိုင်ငံတစ်ဝန်းရှိပြည်သူများ လာရောက်ဖူးမျှော်ဖို့လည်း ဖိတ်ခေါ်ပါတယ်၊ သမိုင်းကြောင်း လေးတွေလည်း ကျယ့်ကျယ့်ပြန့်ပြန့်သိစေချင်တယ်၊ကိုယ့်ရိုးရာကိုလည်း ထိန်းသိမ်းရာရောက်တာပေါ့ဗျာ” ဟု ၎င်းကဆက်လက်ပြောပါသည်။
ရိုးရာမပျက်(၂၁) ဌာနဒေသစာရီကြွချီပွဲအား သီတင်းကျွတ်လဆန်း(၁)ရက်နေ့ (၁၅.၁၀.၂၀၂၃)
ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် (၃)ရက် (၁.၁၁.၂၀၂၃)ရက်နေ့အထိ ၁၈ ရက်ကြာ အပူဇော်ခံကြွရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
photo credit

Leave a Reply

Your email address will not be published. Required fields are marked *