ခမ်းသားငေါဝ်း
ဩဂုတ် ၂၄၊၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ဖရူဆိုအရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDFမှ ယနေ့သြဂုတ်၂၄တွင် ထုတ်ပြန်ထားသည်၊၊
စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ (၂၃)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟုဖော်ပြထားသည်၊၊
“စစ်ကောင်စီက ကျေးရွာကို ဗုံးကြဲတိုက်ခိုက်‌တော့ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့တယ်၊၊ ကလေးငယ် ၃ ယောက် ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က စိုးရိမ်ရတယ်”ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊
အဆိုပါ ကလေးငယ်(၃)ဦးသည် အသက်(၁၀)နှစ်၊ (၉)နှစ် နှင့်(၈)နှစ်အရွယ်များဖြစ်ပြီး ကလေးငယ်တစ်ဦးက အနည်းငယ် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရသည်၊၊
စစ်ကောင်စီ၏ တပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခက်ခြင်း ၊ ဒရုန်းဖြင့် လာရောက်ဗုံးကြဲခြင်းများပြုလုပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
ထိုသို့ အရပ်သားပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြောင်းKNDFမှ ထုတ်ပြန်ထားပါသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *