ခမ်းသားငေါဝ်း
သြဂုတ် ၂၁၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တောင်ဘက် ရွာငံသွားလမ်းဘေး ကျေးရွာတစ်ရွာတွင် ဓားပြတိုက်၊မုဒိန်းကျင့်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးအတွက် တရားခံဖမ်းမိခြင်းမရှိ သေးကြောင်း သြဂုတ်လ ၂၁ ရက်နေ့က စုံစမ်းသိရှိရပါသည်။
စားကျက်ကွင်းတွင်ကျွဲသွားယူပြီး အပြန်လာလမ်း၌ ဓားပြတိုက်၊ မုဒိန်းကျင့်ခံရသည့် အသက် ၃၀ အရွယ်အပျိုကြီးအမျိုးသမီးအတွက် တစ်လနီးပါးအချိန်ထိ တရားခံရှာမတွေ့ရသေးကြောင်းပြောပါသည်။
” နစ်နာခံရတဲ့ အမျိုးသမီးရဲ့မောင်နှမတွေက ကျေးရွာဉက္ကဌတွေနဲ့ တိုင်ပင်ပြီးတော့ တရားခံကို မမိမချင်းကူညီတောင်းထားတယ် တာဝန်ရှိသူတွေတော့ စုံစမ်းနေတယ်ဆိုပြီးခုချိန်ထိ အဖြေကမထွက်လာဘူး၊ ရွာသားတွေက ကာယကံရှင်အမျိုးသမီးရဲ့စကားသံနဲ့လိုက်ထောက်ကြည့်ပြီးတော့ ရိပ်မိတာမျိုးရှိထားတယ် ”ဟု ကျေးရွာအတူနေထိုင်သူ အမျိုးသမီးက ပြောပါသည်။
ဖဲရှုံးလို့ဟုပြောဆိုချက်ဖြင့် အမျိုးသမီးထံမှ နားကပ်နှစ်ဖက်ဓားပြတိုက်သွားပြီး မုဒိန်းမှုပါကျူးလွန်သွားသည့်ဖြစ်စဥ်အပေါ် ကာယကံရှင်ကိုယ်တိုင်က လက်ရ်ှိ ကိုယ်ဝန် ရှိမရှိ အနေထားကိုလည်း မစစ်ဆေးရသေးကြောင်း သိရသည်။
သြဂုတ်လ ၃ ရက်ညနေ ၅ နာရီအချိန်တွင် ကျေးရွာအပြင်ဘက် နွားစားကျက်နေရာ၌ မျက်နှာကိုပုဆိုးစည်းထားသူတစ်ဦးက အမျိုးသမီးအပေါ် ဓားထောက်ဓားပြတိုက်၊ကိုယ်ထိလက်ရောက်စော်ကားမှုခံရသည့်အပြင် ရွာထဲတွင်သတင်းပေါက်ကြားခဲ့လျှင် လာအသတ်မည်ဟု ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျေးရွာ လူကြီးများက ကျေးရွာနာမည်ပျက်မည် ကိုစိုးရိမ်သည်ဟု အကြောင်းပြချက်ဖြင့် အမျိုး သမီးအပေါ် ​ပြစ်မှုကျူးလွန်ခဲ့သူ တရားခံကိုမဖော်ထုတ်ဘဲ ဖုံးကွယ်ထားမှုများရှိနေသည်ဟု ယူဆကြသူများလည်းရှိသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *