ခမ်းသားငေါဝ်း
ဩဂုတ် ၂၃၊၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေး (PDF)တပ်ရင်းများထံ Drone အစင်း(၄၀၀)ကျော် ပို့ဆောင်ထားကြောင်း ဩဂုတ်လ(၂၃)ရက်နေ့ NUGအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ဆောင်ထားသည့် Droneများကို ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များ ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နိုင်ကြရန်အတွက် ပို့ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို Drone များသည် ပြည်သူလူထု၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ PDF တပ်ရင်းများထံ ပို့ဆောင်ထားသော Droneများဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *