ခမ်းသားငေါဝ်း
ဩဂုတ် ၂၅၊၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အဖွဲ့မှ ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန်
ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ၂၀၀၀၀ (နှစ်သောင်း)တန်ငွေစက္ကူကို သုံးစွဲခြင်းမပြုရန် NUG ကဩဂုတ်လ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအခန်း ၁၂ ပါရှိချက်အရ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာများအား တားဆီးရန်ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုထားပါသည်။
အဆိုပါ ၂သောင်းတန်ငွေစက္ကူအား လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ လွှဲပြောင်းခြင်းများကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ရာရောက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဘဏ်များနှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နင်း အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ပါရှိသည်။
တရားမဝင် ၂သောင်းတန်ငွေစက္ကူအား ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုသုံးစွဲလျက်ရှိနေ သည့် ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ထံ အသိပေးတိုင်ကြားနိုင်ကြောင်း တိုက်တွန်းထားသည်။
စစ်ကောင်စီထုတ်ဝေသည့်၂သောင်းတန်ငွေစက္ကူအား တရားမဝင်ငွေကြေးအဖြစ် NUG ကြားကာ
လဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *