ခမ်းသားငေါဝ်း
ဩဂုတ် ၁၉၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်မန်းကျေးရွာ ဘုန်ကြီးကျောင်းကို ဩဂုတ်လ ၁၈ ရက်နေ့တွင် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၈ ရက် ညနေပိုင်း ၃ နာရီအချိန်တွင် မီးလောင်ခဲ့ပြီး တစ်ကျောင်းလုံး မီးလောင်ပြာကျသွားကာ လူထိခိုက်ခြင်း မရှိခဲ့ကြောင့် သိရသည်။
“မီး လောင်ရတဲ့ အကြောင်းရင်းက သေချာမသိရဘူး ဝါယာကြိုးရှော့ကနေ တစ်ဆင်လည်း ပြောကြတယ်။ ဖုန်းအားသွင်းရင်း ဖုန်းကနေတစ်ဆင့် လောင်တာလည်း ပြောကြတယ် “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုအချိန်တွင် လျှပ်စစ်မီး မကြာခဏ ပျက်ခြင်းကြောင့် မီးခလုတ် အဖွင့်အပိတ် ဂရုစိုက်ကြရန်နှင့် အပြင်သွားတိုင်း မီးမိန်းချသင့်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။
မီးလောင်ပျက်စီးသွားခြင်းကြောင့် သိန်းထောင်ချီ ဆုံးရှုံးခဲ့ပြီး ဘုန်းကြီးကျောင်း ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ငွေကြေးများနှင့်အချိန်ထပ်ယူရမည်ဖြစ်ကြောင့် ဒေသခံများက ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *