ခမ်းသားငေါဝ်း
သြဂုတ် ၂၁၊ ၂၀၂၃
မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ပြုချက်/လိုင် စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ထားရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်ကဩဂုတ်လ၂၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လက်ဝယ်တွေ့ရှိမည်ဆိုပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်ငွေနှစ်ရပ်လုံးကျခံပြီး သက်သေခံပစ္စည်းများကိုလည်း သိမ်းယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတွင်းနေထိုင်သူများအနေဖြင့် တရားဝင်ရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀(သို့)၎င်းပမာဏနှင့်ညီမျှသည့် နိုင်ငံခြားဝင်ငွေများကို ၆ လအထိသာလက်ဝယ်ထားရှိခွင့်ရမည်ဖြစ်ပြီး ၆ လ ကျော်ပါက နိုင်ငံခြားငွေလုပ်ကိုင်ခွင့်လိုင်စင်ရသူများထံ ရောင်းချခြင်း(သို့) ဘဏ်စာရင်းထည့်ခြင်းများ လုပ်ဆောင်ရမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။
၎င်းထုတ်ပြန်ချက်နှင့်အတူစျေးကွက်အတွင်းတရားမဝင်ငွေလဲလှယ်စျေးကစားခြင်းအားထိန်းချုပ်နိုင်ရန်အတွက် ပြည်ပသို့သွားရောက်
မည့်သူများအနေဖြင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀အထိကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်(AD)လိုင်စင်ရဘဏ်များ၏ (Money Changer) များတွင်ရောင်းချပေးလျက်ရှိကြောင်း အသိပေးထားသည်။
နိုင်ငံခြားငွေလဲလှယ်ကောင်တာ ၁၃ ခုအား ဩဂုတ် လ ၁၅ရက်နေ့တွင် စစ်ကောင်စီ ဗဟိုဘဏ်ညွှန်ကြားချက်များလိုက်နာခြင်းမရှိသည့်အတွက် ရုပ်သိမ်းလိုက်ကြောင်းထုတ်ပြန်ပြီး လက်ရှိတွင် ရုပ်သိမ်းခံရသည့်ငွေလွှဲကောင်တာ ၄၃ ခုအထိရှိလာကြောင်း သိရသည်။
#PPV 010

Leave a Reply

Your email address will not be published. Required fields are marked *