ခမ်းသားငေါဝ်း
ဩဂုတ် ၂၃၊၂၀၂၃
ကယား(ကရင်နီ)ပြည် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်မှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများသည် စားသုံးကုန်များကို မြင့်မားသည့်‌ဈေးနှုန်းဖြင့် ပေးဝယ်နေရကြောင်း သိရသည်။
တဖက်တွင်လည်း စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ ပို့လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်း၊ စစ်ဆေးတင်းကြပ်ခြင်းများကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ဒေသခံများထံမှ သိရသည်။
ယခုအခါ ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီဒေသတွင် ပေါ်ဆန်းမွေး ဆန်တစ်အိတ်ကို ၄သိန်းကျပ်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ်အထိရောက်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“ရှေ့ဆက် ပြည်သူတွေ ဒီထက်မက ဒုက္ခရောက်တာဘဲရှိမယ် စစ်ရှောင်တွေဘဲ ပိုပိုတိုးလာတယ် အချို့ နေရာဆို ဆန်ပြတ်လပ်တဲ့အထိ ဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုအပြင် စားသုံးဆီ တစ်လီတာကို ၈၀၀၀ ကျပ်၊ဓာတ်ဆီတစ်လီတာကို ၇၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာကို ၈၀၀၀၀ ကျပ်၊ ခရမ်းချည်သီး တစ်ပိသာကို ၁၀,၀၀၀ ကျပ်ဖြင့် ပေး‌ဝယ်‌နေရကြောင်း သိရသည်။
ကရင်နီပြည်အနှံ့အပြားတွင်၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ရာ ကုန်စည်သယ်ယူပို့ဆောင်မှုများကိုလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ကောင်စီက ပိတ်ပင်ထားမှုကြောင့် ဒေသခံများက အခက်ခဲများကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ‌သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *