ခမ်းသားငေါဝ်း
ဩဂုတ် ၂၆၊၂၀၂၃
ကရင်နီပြည်နယ် ရဲဌာန (KSP)ဖွဲ့စည်းဆောင်ရွက်ပြီး ၂ နှစ်တာကာလတွင် ဒေသတွင်းအမှုပေါင်း (၃၆၂)မှု အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန ၂ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။
ကရင်နီပြည်ရဲဌာန (KSP)အား ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ၂၅.၈.၂၀၂၁ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးအကြမ်းဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
၂ နှစ်တာကာလတွင် ကရင်နီပြည်နယ်ထိန်းချုပ်နယ်မြေအတွင်း ရဲစခန်း(၈)ခုနှင့် လုံခြုံရေးရဲကင်း(၄)ခုအား တည်ထောင်ထားခဲ့ပြီး ဒေသအကျိုးပြုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စစ်ကောင်စီသတင်းပေးမှု၊ခိုးမှု၊မူးယစ်ဆေးဝါးမှု၊ယမ်းကားမှု၊အိမ်တွင်းအကြမ်းဖက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု စသောအမှုပေါင်း ၃၆၂ မှုကိုအရေးယူဆောင်ရွက်ထားနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထိမ်းအမှတ်အဖြစ် အကျဥ်းသား( ၈၃)ဦးအား လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။
ကရင်နီပြည်ရဲဌာနသည် တော်လှန်ရေးကာလအတွင်း ပျက်သုန်းသွားသည့်တရားဥပဒေစိုးမိုးရေး၊ပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးမှုပြန်လည်ဖြစ်ထွန်ရေးအတွက် ကြိုးစားဆောင်ရွက်နေပြီး တစ်ဖက်တွင်လည်း အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဥ်များကို ကြိုးစားလုပ်ဆောင်ကြောင်း ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *