ခမ်းသားငေါဝ်း
ဩဂုတ် ၂၄၊၂၀၂၃
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးမှု (၄၀၀၀)ဦးအထိရှိလာကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။
၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၄၁၀)ဦး ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ (၄၅၁၅)ဦးသာရှိသေးကြောင်း ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးခံရသူ(၂၄,၄၁၀) ဦးရှိသည့်အနက် (၇,၁၇၅)ဦးသည် လက်ရှိပြစ်ဒဏ်ချမှတ်ခံထားရပြီး ကျန်သည့်(၁၉,၈၉၅) ဦးသည် ထိန်းသိမ်းခံနေရခြင်းဖြစ်ကြောင်း သိရသည်။
အကျဥ်းထောင်အတွင်း မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရသူ (၁၁၉)ဦးနှင့် သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်အတွင်းထိန်းသိမ်းခံနေရသူ (၁၀၁)ဦး၊မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ (၄၃) စုစုပေါင်း သေဒဏ်ချမှတ်ခံရသူ (၁၄၄)
ဦးရှိကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ၂၁ ရက်
နေ့အထိ နိုင်ငံတစ်ဝန်းရှိအကြမ်းဖက်စစ်အုပ်
စု၏သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး
(၃၅)ဦးနှင့် အမျိုးသား (၁၈၂)ဦး စုစုပေါင်း (၂၁၇)ဦးသေဆုံးခဲ့ကြောင်း AAPP စစ်တမ်းအရသိရသည်။
အထက်ပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ လက်လှမ်းမှီသမျှ ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားသည့်အရေအတွက်မှာ ပိုမိုများပြားနိုင်သည်ဟု ဆိုထားသည်။

You missed