ခမ်းသားငေါဝ်း

ဩဂုတ် ၂၆၊၂၀၂၃
တအာင်းပြည်နယ်၊ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်မှာ အင်အားအလုံးအရင်းဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သြဂုတ်၂၆ ရက်နေ့ TNLA ထုတ်ပြန်ချက် အရ သိရပါတယ်။
ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့ ညနေ(၅း၀၀)နာရီမှ(၆း၀၀)နာရီအထိ လုံဆွေရွာအနီးမှာ (၁)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကား(၁၆)စီးနဲ့အတူ တပ်ဖွဲ့ဝင်‌တွေအပါ စစ်လက်နက်ပစ္စည်းအပြည့်တင်ဆောင်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းဟာ နမ့်ဖက်ကာကနေ ကွတ်ခိုင်ဘက်ကို ထွက်ခွာလာခဲ့တယ် လို့ဆိုပါတယ်။
ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ လုံဆွေရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ (၅) တပ်ရင်း(၃၃၅) နဲ့ ထိပ်တိုက်တွေ့ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲမှာ TNLA တပ်ဘက်က ထိခိုက်ကျ ဆုံးမှုတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးတာရှိပြီး အသေးစိတ်မသိရှိရသေးဘူး လို့ဆိုထားပါတယ်။
စစ်ကောင်စီတပ် နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ မကြာခဏတိုက်ပွဲဖြစ်ပွားတာရှိနေပြီး
(၁)လကျော်ကာလအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ (၁၈)ကြိမ်ရှိခဲ့တယ် လို့ သိရပါတယ်။