.
ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ၊အင်တောမြို့၊အမှတ် ၆ ရပ်ကွက်ခေါ် (သုန်တန်းရပ်) နေထိုင်သူ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ကိုဆန်းညွန့်ကို သြဂုတ်လ ၁၃ ရက်ည ၉ နာရီ အချိန်ခန့်မှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရပါသည်။
ပစ်သတ်ခံရသော ကိုဆန်းညွန့်က အသက်အရွယ် ၅၀ ဝန်းကျင်ရှိပြီး ကျောက္ကူ ၊အင်တောတစ်ဝိုက်တွင် တော်လှန်ရေးနှင့်ဆက်နွယ်သည့်သူများကို သူကိုယ်တိုင်ပါဝင်ဖမ်းဆီးပေးခဲ့သူဖြစ်ခဲ့ကြောင်းသိရသည်။
” ညကသေနတ်သံ ငါးချက်လောက်ကြားလိုက်ရတယ်နောက် ဆယ်မိနှစ်လောက်အကြာမှာ သေနတ်သံ ၁၀ ချက်​ကျော်ပြန်ကြားတယ် ဒီမနက်ကြတော့ ကိုဆန်းညွန့်က ပစ်ခံရပြီးသေတယ်လို့ သိလာရတယ်” လို့ အင်တောမြို့ ရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးပြောသည်။
ကိုဆန်းညွန့်၏ သားဖြစ်သူသည်လည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဝေးသို့တာဝန်ကျနေအချိန်၌ ယခုလို အမည်မသိ လက်နက်ကိုင်အဖွဲ့ကလာရောက်ပစ်ခတ်ခြင်းခံရကြောင်း ၄င်းကဆက်ပြောပါသည်။
ယခုနှစ် တော်လှန်းရေးကာလတစ်လျောက်တွင်လည်း ကိုဆန်းညွန့်က စစ်ကောင်စီတပ်သားများနှင့်ပူပေါင်းပြီး လှုပ်ရှားခဲ့ဖူးသည့်အပြင် ပစ်ခတ်ခံရသသည့်ရုပ်အလောင်းကိုလည်း မြို့နယ်မှသက်ဆိုင်ရာအဖွဲ့တွေကလာရောက်စစ်ဆေးနေကြောင်း သိရှိသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *