ခမ်းသားငေါဝ်း
ဩဂုတ် ၁၇၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊စယ်
လန့်ရှိ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား ဘူဒိုဇာဖြင့်ဖြိုချဖျက်ဆီးမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နှင့်ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် ပြည်တွင်း/ပ ရှိ ရဟန်းသံဃာများနှင့်အရပ်ဖက် အဖွဲ့အစည်း ၄၀ က တောင်းဆိုလိုက်သည်။
သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား ဩဂုတ်လ ၇
ရက်နေ့ ညနေပိုင်းတွင် PSLF/TNLAတပ်ဖွဲ့ဝင်များမှ ဖြိုချဖျက်စီးခဲ့ခြင်းဖြစ်ပြီး ဌာနေတိုင်း
ရင်းသားများနှင့် ဒေသခံများတားမြစ်သည်ကို အလေးထားခြင်းးမရှိဘဲ ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
” ဒီကိစ္စက လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်တယ်၊ရှေးဟောင်းမြို့ရိုးက အေဒီ ၁၃၀၀ ကတည်းကရှိတာ၊အခုဆိုရင် နှစ်ပေါင်း ၇၀၀ ရှိပြီပေါ့၊ သမိုင်း
ဝင်နေရာတွေက နောက်တစ်ခါထပ်ရှိစရာမရှိတော့ဘူးလေ၊အစဥ်အမြဲထိန်းသိမ်းဖို့လိုတယ်၊အချိန်မရွေးပဋိပက္ခကို ဦးတည်နိုင်တယ်၊လူမျိုးရေးပဋိပက္ခလည်းရှိလာနိုင်လို့ သတိကြီးကြီးထားဖို့လိုတယ်” ဟုသမိုင်းဝင်မြို့ရိုးထိန်းသိမ်း‌ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလို ဖြိုချဖျက်ဆီးခြင်းသည် သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ၊စာပေယဥ်ကျေးမှု
နှင့် သက်ဝင်ယုံကြည်မှုများအား ရည်ရွယ်ချက်ရှိရှိဖျက်စီးခြင်းဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂဌာနတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(UNDRIP) ကြေငြာစာတမ်းအပိုဒ် (၃၀)အားဖောက်ဖျက်ရာကျကြောင်း ၎င်းကဆက်လက်ပြောသည်။
နိုင်ငံတစ်ဝန်းရှိ လူမျိုးစုများ၊သမိုင်းဝင်ယဥ်ကျေးမှုများအား အပြန်အလှန်လေးစားကြပြီး ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် ယခုလိုသမိုင်း
ဝင်ရှေးဟောင်းမြို့ရိုးဖျက်စီးမှုအားသက်ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းများနှင့် မဟာမိတ်များမှဝိုင်းဝန်းထိန်းသိမ်းပေးရန်တောင်းဆိုထားသည်။
၎င်းအပြင် ရှေးဟောင်းမြို့ရိုးအား ဘူဒိုဇာဖြင့်ဖြိုချဖျက်ဆီးရန်အမိန့်ပေးစေခိုင်းသူနှင့် ဖြိုချဖျက်စီးသူများအား PSLF/TNLA ဦးဆောင်သူများမှ ပြည်သူရှေ့မှောက်တွင် လျင်မြန်ထိရောက်စွာအရေးယူပေးရန် တောင်းဆိုထားသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ သဘောထားအားသိရှိရန် PSLF/TNLA ပြန်ကြားရေးဌာနသို့ ဖုန်း
နှင့်ဆက်သွယ်ခဲ့‌ပေမဲ့ ဆက်သွယ်၍မရခဲ့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *