ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာများတွင် ဆက်ကြေး ဆက်ကြေးကောက်မှုပိုမိုများလာခြင်းကြောင့် ဒေသခံအမျိုးသမီးများအခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံပြည်သူစစ်မှ ဆက်ကြေးကောက်ရာတွင် အနည်းဆုံး ၃၀,၀၀၀ (သုံးသောင်းကျပ်) ၊ ၅၀,၀၀၀ (ငါးသောင်းကျပ်) မှ အများဆုံး ၁ သိန်း ရှိကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းကာလ၌ ပြည်သူလူထုများ အခက်အခဲများစွာ ကြုံတွေ့နေရသည့် အခြေအနေတွင် မတရားဆက်ကြေးကောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ကြောင်းနှင့် လူမဆန်သော လုပ်ရပ်တစ်ခုဖြစ်ကြောင့် မြန်မာ့အမျိုးသမီးသမဂ္ဂအထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးမှ ပြောသည်။
“ကျွန်မတို့ မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ကတော့ နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေး၊ လူမှုရေးတွေ ချွတ်ခြုံကျ အားလုံးအခက်အခဲ နေချိန်မှာအကြမ်းဖက် စစ်ကောင်စီနည်းလမ်းအတိုင်းကျင့်သုံးပြီး ကိုယ်ပြည်သူအချင်းချင်း ကိုယ်လူမျိုး တိုင်းရင်းသား အချင်းချင်းအပေါ်ကို မတရားအနိုင်ကျင့် ပမာဏအများ ကြီးနဲ့ ဆက်ကြေး ကောက်တာမျိုးကိုတော့ ရှုံ့ချ ဝေဖန်ပါတယ်။ “ ဟု နော်ခင်စန်း​ထွေးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဆက်ကြေးကောက်ယူမှု နည်းပါးခဲ့သော်လည်း၂၀၂၃တွင် ဆက်ကြေးကောက်မှုပိုများလာကြောင်းသိရသည်။
ပအိုဝ်းပြည်သူများသည်ဆက်ကြေးကို မိမိတွင်ရှိသော ကုန်ပစ္စည်းများရောင်းချခြင်း၊ အခြားသူထံချေးဌားခြင်းများ လုပ်ဆောင်ရပြီး ခက်ခက်ခဲခဲ ထည့်ပေးရကြောင်းသိရသည်။
ဒေသခံအမျိုးသမီးတစ်ဦးက“ကျမတို့ရွာက အိမ်ခြေ ၃၀၀ ကျော်ရှိတယ်။ တစ်အိမ်ကို ၅သောင်းနှုန်းနဲ့ထည့်ရတယ်။ မထည့်လို့မရဘူး မရှိလည်း သူများဆီမှာ ချေးဌားပြီးထည့်ရတယ်။ “ ဟု ပြောသည်။
ဆက်ကြေးကောက်ခြင်းအပြင် ပအိုဝ်းဒေသများတွင် အရွယ်ကောင်းလူငယ်များကို စစ်မှုထမ်းရန်ပြည်သူ့စစ်ခေါ်ယူမှုလည်းရှိခဲ့သည်။
“သူတို့က အမြဲ ဆက်ကြေးကောက်တော့ စားဝတ်နေရေးက တစ်ဖက် သူတို့အတွက် ထည့်ပေးရတာတစ်ဖက်နဲ့ဆိုတော့အဆင်မပြေဘူး မရှိလည်းထည့်ရတယ်။” ဟု ဒေသခံအမျိုးသမီးနောက်တစ်ဦးကပြောသည်။
ထိုဆက်ကြေးသည်သေနတ်ဝယ်ရန်၊ ရှေ့တန်းတက်သော ပြည်သူ့စစ်များအား ထောက်ပံ့ရန်နှင့် သေသွားသည့် ရဲ‌ဘော်များ၏ မိန်းမများအား ထောက်ပံ့ရန်အတွက်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က အကြောင်းပြပြီးကောက်ခံကြသည်။
ထိုအပြင် ထိုသို့ ဆက်ကြေးကောက်ရာတွင် ဒေသခံတိုင်းရင်းသားအမျိုးသမီးများသည် ဓလေ့ထုံးထမ်း အစဉ်အလာအရမိသားစု တာဝန်အား ထမ်းပိုးထားရသည့် ကာလအတွင်းရှိနေသည့် အချိန်ဖြစ်သောကြောင့် ၄င်းတို့အတွက် ဝန်ထုတ် ဝန်ပိုးပိုဖြစ်စေပြီး ပိုခက်ခဲကြာင်းသိရ သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် စစ်သားစု‌ဆောင်းခြင်း၊ ပြည်သူလူထုများအပေါ် မတရား အနိုင်ကျင့်၊ ဆက်ကြေးကောက်ခြင်းများ အား မကြာခဏ ‌‌ကျေးလက်ဒေသများတွင် ပြုလုပ်နေလျက် ရှိကြောင်းမြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သိရှိသည်။
photo BWU
#PPV 009

Leave a Reply

Your email address will not be published. Required fields are marked *