ခမ်းသားငေါဝ်း
ဩဂုတ် ၁၈၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ပိုင်းရှိ ဝါးပြုံးရွာရောက်စစ်ရှောင်များအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဩဂုတ်လ ၁၈ ရက်နေ့တွင် သိရသည်။
ယင်းစစ်ရှောင်စခန်းတွင် လှုဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုအများစုပါဝင်ကာ ရာသီတုပ်ကွေး‌ရောဂါ ဖြစ်ပွားမှုများလည်း ရိနေကြောင်းသိရသည်။
“နောင်တရားမှာ ကော်မတီဖွဲ့တဲ့အချိန် ဝါးပြုံးက မပါဘူး နာမည်မပေါက်တော့ စားနပ်ရိက္ခာပိုင်းလည်းအခက်ခဲရှိတယ်။ သူတို့စာရင်းမပါတော့ ရိက္ခာတွေပစ္စည်းတွေ ဝေတဲ့အချိန် ချန်ထားခံခဲ့ရတာလည်းရှိတယ်။ တစ်ခါတစ်လေရွာသားတွေ ဆန်၊ဆီ၊ဆား ပေးတာ အဲလိုမျိုးလည်းရှိပါတယ်”ဟုစစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
ပင်လောင်းဒေသသည် ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန် ပစ္စည်းအမျိုးမျိုး ၊လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စိုက်ပျိုးရေးပစ္စည်းအမျိုးမျိုးကို စစ်ကောင်စီက အကန်အသတ်ဖြင့်သာ သယ်ယူခွင့် ပေးသဖြင့် အခက်ခဲများရှိကြောင်း သိရသည်။
သွားရာက်ကူညီပေးသူ တစ်ဦးကလည်း”ဆန်တွေ ဆေးတွေက အိတ်လိုက် ဖာလိုက် တင်ခွင့်မရှိဘူး ။အများကြီးတင်ရင် သူတို့သိမ်းသွားတယ်။မိသားစု သုံးတာ လောက်ဘဲ သယ်လို့ရတယ်ဆိုတော့ ဆေး တွေ သယ်သွားရင် အပေါ်က တစ်ခြား ပစ္စည်းနဲ့ ဖုံးသွားရတာတို့ အဲလိုလုပ်ရတဲ့ အခြေနေလည်း ရှိတယ်။ အကန့်အသတ်နဲ့သာ သယ်သွားရလို့ စစ် ရှောင်တွေဆန်အရေးပေါ်လိုအပ်ရင် အရမ်းအခက်ခဲ ဖြစ်စေတယ်။”ဟု ပြောသည်။
ယင်းစစ်ရှောင်များသည် ပင်လောင်းမြို့နယ် နမ်းနိမ်းကျေးရွာဒေသခံများ နှင့် ကရင်နီပြည်မှ ဒေသခံများ ဖြစ်ကြကြောင်းသိရသည်။
ပင်လောင်းဒေသတွင် စစ်ရှောင်ငါးထောင်ကျော်ရှိပြီး ယင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာများ၊ဆေးဝါးများ၊ လူသားချင်းစာနာထောက်ထားမှုအကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *