ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊ ၂၀၂၃
နေ့စားအငှားလိုက်ဖြင့် ဝမ်းရေးဖြေရှင်းနေရသည့် ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေကြောင်း ဩဂုတ်လ ၁၅ ရက်နေ့တွင်သိရသည်။
အဆိုပါစစ်ရှောင်စခန်းရှိ စစ်ရှောင်များကို နေ့တိုင်းနေ့စားအငှားခေါ်ယူသူနည်းပါးလာသလို အလှူရှင်များလည်းလာရောက်မှု နည်းခြင်းကြောင့် အခက်ခဲ ကြုံတွေ့နေရသည်။
“ရတဲ့နေ့စားခနဲ့ဝမ်းစာကိုအဓိကဖြေရှင်းနေရတယ်။အလှူရှင်တွေကပြီးခဲ့တဲ့ ဇွန်လကတည်းကမလာတော့ဘူး။နေ့စားကလည်းနေ့တိုင်းရှ်ိနေဒါမဟုတ်တော့စားနပ်ရိက္ခာဖြေရှင်းတဲ့နေရာမှာအခက်ခဲဖြစ်တာပေါ့”ဟုစစ်ရှောင်တစ်ဦးကပြောသည်။
လက်ရှိပင်ခွန်စစ်ရှောင်စခန်းတွင်စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်ရှိနေပြီးစားနပ်ရိက္ခာများအပြင် ကျန်းမာရေး စောင့်ရှောက်မှု လည်းလိုအပ်ကြောင်းသိရသည်။
ပင်လောင်းမြို့ တောင်ပိုင်း တွင် စစ်ကောင်စီ နှင့်ဒေသကာကွယ်ရေး စုပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူအများအပြားနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *