ခမ်းသားငေါဝ်း
ဩဂုတ် ၁၈၊၂၀၂၃
ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီကဩဂုတ်လ ၁၂ ရက်နေ့ ည(၈)နာရီအချိန်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်
ပွဲငြိမ်သက်ချိန်တွင် စစ်ကောင်စီတပ်က တိုက်ပွဲ
နှင့် သက်ဆိုင်ခြင်းမရှိသည့် “သနားခြင်းမယ်
တော်”ဘုရားကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းဝန်းအတွင်း ဘုရားကျောင်းအဆောက်အဦးအပါ
အဝင် အခြားအဆောက်အဦးများ၊ ခြံစည်ရိုးအုတ်တံတိုင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်
လျှောက် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီ၏ တပ်မ(၅၅)လက်အောက်ခံတပ်ရင်းများနှင့်ကရင်
နီပူးပေါင်းတပ်များအကြား ဩဂုတ်လ(၂)ရက်
နေ့မှ (၁၄)ရက်နေ့အထိ ထွေလီဗီလာကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာနှင့် ထီးသော်ကူးကျေးရွာများတစ်လျှောက်တွင် တိုက်ပွဲအ
ပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
အထက်ဖော်ပြပါ တိုက်ပွဲဖြစ်ပွားရာနေရာများတွင် လက်ရှိအချိန်ထိ စစ်ရေးအခြေအနေတင်းမာနေဆဲ ဖြစ်ပြီး အချိန်မရွေးထိတွေ့မှုဖြစ်နိုင်၍ မိဘပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆိုလမ်း
မကြီးတစ်လျှောက် ဖြတ်သန်းသွားလာခြင်းမပြု
လုပ်ကြရန် နှင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်
ကြပါရန် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ အသိပေးထားသည်။
အာဏာသိမ်းပြီး ၂ နှစ်ခွဲကာလအတွင်း စစ်ကောင်စီက ကရင်နီပြည်ရှိ ဘာသာရေးအဆောက်အအုံ (၃၉)လုံး၊ လူနေအိမ် (၁၆၃၉)လုံးနှင့် လေ
ကြောင်းတိုက်ခိုက်မှုပေါင်း (၅၇၂)ကြိမ်ပြုလုပ်ခဲ့ကြောင်း PKPF မှ ဩဂုတ်လ ၁ရက်နေ့ ထုတ်ပြန် ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *