ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊ ၂၀၂၃
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) စစ်တမ်းသစ်တစ်ခုအရ မြန်မာနိုင်ငံအတွင်း စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ပယ်မှုသည် ၄၁ ရာခိုင်နှုန်းထိ​မြင့်တက်ခဲ့ကြောင်း သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အလုပ်အကိုင်ရပ်စဲမှုသည် ၂၃.၅ရာခိုင်းနှုန်းတိုးလာခဲ့ကြောင်းသိရသည်။
” မြန်မာနိုင်ငံက အလုပ်သမားတွေမှ တစ်မူထူးခြားစွာ ခက်ခဲတဲ့ အခြေအနေတွေကို အစုံံလိုက်ရင်ဆိုင်နေရပါတယ်၊ဒီစစ်တမ်းက အလုပ် သမားအခွင့်အရေးကို လေးစားဖို့ ၊ပေးနေတဲ့ လူမှု​ကာကွယ်စောင့်ရှောက်ရေးကတိုးတက်ကောင်းမွန်ဖို့ အပူတပြင်းလိုအပ်နေပြီဆိုတာဖော်ပြတယ်”ဟု ILO မြန်မာ ၏ညှိနှိုင်းဆက်သွယ်ရေးမှူးဖြစ်သူ Donglin Li က ပြောဆိုထားသည်။
အလုပ်မှနုတ်ထွက်မှုသည် ၂၂ ရာခိုင်နှုန်း ရှိခဲ့ပြီးစစ်တပ်က အာဏာသိမ်းပြီးပြည်သူ့ကဏ္ဍ၌ အလုပ်အကိုင်ရပ်စဲမှု ၃၉၂ ရာခိုင်နှုန်းအထိ တိုးလာကာ ပညာရေးကဏ္ဍတွင်အများဆုံးဟုထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်တမ်းအရ အလုပ်အကိုင်ရပ်စဲခံထားရသည့်ယခင်လခစားအလုပ်သမားများကိုချိန်ရွယ်ကောက်ယူထားပြီး အချိန်ကာလအားဖြင့် ၂၀၂၀ခု နှစ်မတ်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်အကြား ဆန္ဒအားဖြင့်ဖြစ်စေ ၊ဆန္ဒမပါပဲနှင့်ဖြစ်စေ အလုပ်မှ ယာယီရပ်စဲခံရသူများဖြစ်သည်။
ထိုကာလအတွင်းမှာ အလုပ်အကိုင်ရပ်စဲမှုပေါင်း ၇၀ ရာခိုင်နှုန်းသည် ဆန္ဒအလျောက်အလုပ်မှထွက်ကြပြီး ၂၈ ရာခိုင်နှုန်းက အလုပ်ထုတ်ခံရမှုများဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုစစ်တမ်းတစ်ရပ်သည် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရပ်စဲမှုအဆင့်များနှင့် ဝင်ငွေဖူလုံရေးစိန်ခေါ်ချက်များကို မီးမောင်းထိုးဖော်ပြခြင်းဖြစ်ကြောင်း သိရ်ှိိရပါသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *