………………………
ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊ ၂၀၂၃
အာဏာသိမ်းပြီး၂နှစ်ကျော်ကာလအတွင်း အင်အားချည့်နဲ့လာသည့် စစ်ကောင်စီတပ်သည် ဌာနဆိုင်ရာရှိ Non-CDM ဝန်ထမ်းများအား အရန်အင်အားပြည်သူ့စစ်တပ်ရင်းအသွင်ဖွဲ့စည်းရန် ညွှန်ကြားစာထွက်လာကြောင်း သိရသည်။
ရှမ်းပြည်နယ် စစ်ကောင်စီလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းလက်မှတ်ရေးထိုး၍ သြဂုတ်လ ၉ ရက်နေ့ ညွှန်ကြားစာကိုအွန်လိုင်းပေါ်တွင်ပျံ့နှံ့လာခဲ့ပြီး ရှမ်းတောင် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် နယ်မြေအတွင်း ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရန်အတွက် ဌာနဆိုင်ရာ စာရင်းပြုစု ပေးပိုရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ထိုညွှန်ကြားစာကို ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ပြည်နယ်ရုံးများ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်း/ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသရှိခရိုင်ရုံးနှင့် မြို့နယ်အလိုက် ဝန်ထမ်း(ကျား/မ ရဲတပ်ဖွဲ့မပါ) စာရင်းအား နောက်ဆက်တွဲပါ အတိုင်းပြုစု၍ သြဂုတ်လ ၁၇ ရက်နေ့အရောက် ပြုစုတင်ပြဖော်ပြထားသည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရန်အတွက် စစ်တပ်အရန်အင်အားများအား တပ်ရင်းအသွင်ဖွဲ့စည်းခြင်း၊အင်အားအခြေအနေပေါ်မူတည်၍ တာဝန်ခွဲဝေပေးခြင်းနှင့် အရေးကြုံလာပါကအရန်အင်အားများအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်မည့်စီမံချက်များအား ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားစာအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *