ခမ်းသားငေါဝ်း
ဩဂုတ် ၁၈၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိိုင်မြို့နယ်၊မိုင်းယုကျေးရွာအနီးတွင် ဩဂုတ်လ ၁၇ ရက်နေ့။ နေ့လည် (၁:၂၀)မှ (၂:၃၀)အထိ စစ်ကောင်စီတပ် နှင့်TNLA
တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းယုကျေးရွာဖက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရမခ ၊ ခလရ(၄၅)နှင့် TNLA တပ်မဟာ(၁)၊တပ်ရင်း(၈၇၆)တို့ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAသတင်း
နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ နမ့်ဖက်ကာအခြေစိုက်(၁၂၃)
တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ် နှင့် တအောင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော် -TNLA အကြား ဇူလိုင်လ
၂၃ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့အထိ တိုက်ပွဲ (၁၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲဖြစ်စဥ်အသေးစိတ် နှင့် ထိခိုက်ကျဆုံးမှုအခြေအနေကို သိရှိနိုင်ရန် TNLA သတင်းနှင့်ပြန်ကြားရေးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်၍မရခဲ့ပါ။
ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ စစ် ကောင်စီတပ် နှင့် TNLA တပ်တို့ အကြားတိုက်ပွဲ (၁၁)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးကာ ၂၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *