ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ(မြောက်ရွာ) ကျေးရွာဆေးပေးခန်းတွင် တပ်စွဲနေထိုင်​သည့် စစ်ကောင်စီတပ်သားများက ဒေသခံအမျိုးသားတစ်ဦးကို ဆေးခန်းအတွင်း​​​ခေါ်ဆောင်၍ သေနတ်ဒင်များဖြင့်ဝိုင်းထုခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၃ ရက် နေ့လည်ပိုင်းအချိန် ရွာငံမြို့မှ ဓါတ်မြေသြဇာအိတ်ဝယ်ယူပြီး ဆိုင်ကယ်ဖြင့်တင်ဆောင်မောင်းနှင်လာစဥ် ကျေးရွာဆေးပေးခန်းရှေ့အရောက်တွင် စစ်ကောင်စီတပ်သားများက တားဆီးရိုက်နက်ကြောင်း သိရပါသည်။
” ဆိုင်ကယ်ကို အရင်တားတယ်။ ပြီးတော့ ဆေးခန်းထဲဲဲဲဲဆွဲခေါ်ပြီး ထုကြတယ်၊ သူလက်ထဲမှာလည်း ခလုပ်နိပ်ဖုန်းပဲရှိတယ်၊ ဖမ်းသွားတာမျိုးမဟုတ်ဘူး။ ညနေကျမှ အိမ်မပြန်နိုင်လို့ မိသားစုကသွားခေါ်ရတယ်” လို့ နွားဘန်းကြီးကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။
သေနတ်ဒင်ဖြင့်ရိုက်နက်ခံသည့်အမျိုးသားမှာ ယနေ့အချိန်ထိ အလုပ်ကောင်းကောင်းမလုပ်နိုင်သေး ကြောင်း၊ စစ်ကောင်စီတပ်သားတွေက အကြောင်းပြချက်မရှိ ရိုက်နက်တာဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
လက်ရှိတွင်လည်း နွားဘန်းကြီးကျေးရွာ ဆေးပေးခန်းအတွင်း စစ်ကောင်စီတပ်သား ၅၀ ခန့်အထိ တပ်စွဲနေထိုင်နေပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ကင်းလှည့်သွားလာနေကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *