ခမ်သားငေါင်း
ဩဂုတ် ၁၈၊ ၂၀၂၃
ကျပ်နှစ်သောင်းတန်ထုတ်ပြီးနောက် မြန်မာနိုင်ငံ တွင် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ပြည်သူများစားဝတ်နေရေးအခက်ခဲမျိုးစုံကြုံတွေ့လာရကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်ပြီရသည့်လုပ်အားခနှင့် ​မြန်မာနိုင်ငံရှိ မိသားစုစားဝတ်နေရေး ဖြေရှင်းရာတွင် ဖူလုံမှုမရှိတော့ပဲအခက်ကြုံနေကြရသည်။
“အရင်နှစ်တွေကသမီးငွေတစ်သိန်းလွဲလာရင်တစ်လစာ လုံလောက်တယ် ။ ဆန်ကတစ်အိတ်‌ ခြောက်သောင်းဆို ကျန်တဲ့‌ လေးသောင်းကို အသုံးစရိတ်တွေသုံးလို့ရတယ်။အခုကဆန်ဝယ်လိုက်ပြီဆိုရင်တစ်ခြားဘာမှမရတော့ဘူး။တစ်ခြားလိုအပ်တဲ့ အသုံးစရိတ်တွေဝယ်လို့မရတော့ဘူး”ဟု တောင်သူအမျိုးမီး တစ်ဦးကပြောသည်။
ငွေကြေးဖောင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်ကိုငွေလွဲအများကြီးရသော်လည်း ကုန်စျေးနှုန်းကြီးမားမှုကြောင့် စုမိဆောင်မိရန်နေနေသာသာ လုံလောက်မှုရှိရန်စီမံနေရကြောင်းသိရသည်။
ထိုင်းနိုင်ငံ သို့သွားရောက်အလုပ်လုပ်သူတစ်ဦးက “အမကထိုင်းရောက်တာ (၅) နှစ်ရှိတော့မယ်၊ အရင်နှစ်တွေကဆိုပုံမှန်နှစ်လတစ်ခါငွေ(၅)သိန်းလွှဲပေးရင်သူ့အတွက်ရွေတွေစုပေးဖြစ်တယ်။ အခု‌ နောက်ပိုင်းဆိုငွေကို (၇)သိန်းပိုလွှဲလာပေးလဲဘာမှဝယ်လို့မရဘူး ရွှေဈေးတွေရော စားသောက်ကုန်တွေရောအကုန်ဈေးတတ်နေလို့”ဟုပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်များတွင်အပ်ထားတဲ့ငွေကြေးများအလွယ်တကူပြန်ထုတ်ရန်မရသည့်အပြင် ၊လုပ်ငန်းသုံးငွေလွှဲငွေပေးချေမှုလုပ်ငန်းများ ယာယီဆိုင်းငံ့ထားခြင်း‌ ငွေတန်ဖိုးကျဆင်းလာပြီး ကုန်စျေးနှုန်းမြင့်တက်လာခဲ့သည်။
လက်ရှိပြည်တွင်းစီးပွားရေးဈေးကွက်တွင်အမေရိကန်တစ်ဒေါ်လာလျှင်ငွေကျပ် (၃၈၀၀) ကျော်အထိမြင့်တက်လာပြီး ထိုင်းဘတ် (၁၀၀၀) လျှင်မြန်မာငွေကျပ်( ၁)သိန်းနှင့်ညီမျှကြောင်းသိရှိရသည်။
ရွှေဘိုပေါ်ဆန်းမွေးဆန် ၂၄ ပြည်တစ်အိတ်ကို ကျပ်တစ်သိန်းလေးသောင်းအထိမြင့်တက်ခဲ့ပြီး အခြေခံ စားသောက်ကုန်များအကုန်စျေးမြင့်တက်လာခဲ့ပြီး ပြည်သူများအခက်ခဲပိုမိုဖြစ်စေခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *