ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊၂၀၂၃
မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကာလ ယနေ့အထိ မြန်မာငွေကျပ်တန်ဖိုးကျဆင်း၍ ဒေါ်လာဈေး နှင့် ရွှေဈေးများ အဆမတန်မြှင့်တက်လာခဲ့ကြောင့် သိရသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ အချိန်တွင် ပြည်တွင်း‌ရွှေဈေးသည် အခေါက်ရွှေ ဝယ်ဈေး သိန်း(၃၇၂၀,၀၀၀ ကျပ်) အထိရှိပြီး ရောင်းဈေးမှာ သိန်း(၃၇၇၀၀,၀၀ ကျပ်) နှင့် အမေရိကန် ‌တစ်ဒေါ်လာကို ဝယ်ဈေး မြန်မာငွေ( ၃၆၀၀ ကျပ်) နှင့် ရောင်းဈေး (၃၆၅၀ကျပ်) ရှိကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူထံမှ သိရသည်။
“ရွှေဈေးဒီလို မတည်ငြိမ်းဘဲ တက်လာတာက ပြည်သူ့တစ်ယောက်အနေနဲ့ ခက်ခဲလာတယ်။ ဘာလိုဆိုရင် ရွှေဈေးတက်ပြီးတဲ့နောက်မှာ လူသုံးကုန်တွေ ဓာတ်ဆီတွေ ကုန်ဈေးနှုန်းတွေ တက်လာမယ်။ အဲဒီအတွက် ကျမတို့စားဝတ်နေရေး ပိုပြီးခက်ခဲလာမယ်ပေါ့” ဟု တောင်ကြီးမြို့နေ ပြည်သူတစ်ဦးမှ ပြောသည်။
ရွှေဈေးသည် နေ့စဉ်နှင့်အမျှ တစ်ရိတ်ရိတ်တက်လာသဖြင့် ပြည်သူလူထုများ အနေဖြင့် အခြေခံစားသောက်ကုန်‌များ လောင်စာဆီများ ဈေးနှုန်းမြှင့်တက်လာမည်ကို စိုးရိတ်နေရကြောင့်သိရှိရပါသည်။
ရွှေရောင်းဝယ်သူတစ်ဦးကလည်း “ရွှေက ပြန်ကျလာနိုင်တဲ့အနေအထားတော့ရှိတယ် ဒါပေမယ့် အတက်ဘက်ကို လာဖို့အားယူနေတာမျိုးလည်းဖြစ်နိုင်တယ်။ ဒီအချိန်မှာ ရွှေနဲ့စီးပွားရေးလုပ်နေတဲ့သူဆိုရင် အဝယ်ခနတော့ ရပ်ထားသင့်တယ်။ အကျဘက်နည်းနည်းစောင့်ပြီးမှ ဝယ်တာကောင်းတယ်။ အဲလိုမှ မဟုတ်ရင် မြန်မာကျပ်ငွေတန်ဖိုးအရမ်းကျနေတဲ့အပေါ်မှာ ပြန်ပြီးကာဗာချင်တယ်ဆိုရင်တော့ ဝယ်ပေါ့နော်” ဟု ပြောသည်။
လက်ရှိမှာ နိုင်ငံရေးအနေအထားမတည်ငြိမ်းသလို ရွှေဈေးကလည်း တည်ငြိမ်တဲ့ ဈေးတန်းတစ်ခု မရှိဘဲ တက်လိုက် ကျလိုက်ဖြစ်နေတာကြောင့် အချိန် နဲ့နေရာအလိုက် ရွှေဈေးက ကွာခြားမှုများ ရှိနိုင်တယ်ဟု ၄င်းမှ ဆက်ပြောသည်။
ယခုသြဂုတ်လအတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၂၀၀၀၀ ကျပ်တန် ရိုက်ထုတ်မည်ဆိုသည့် သတင်းကြောင့် ကျပ်ငွေတန်ဖိုးများ ပိုကျဆင်းပြီး ဒေါ်လာဈေးနှင့် ရွှေဈေးများလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာကြောင်း သိရသည်။
Photos-Facebook