ခမ်းသားငေါဝ်း
ဩဂုတ် ၁၂၊၂၀၂၃
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူများနေအိမ် ၇ သောင်းခွဲဝန်းကျင်အထိ မီးရှို့ဖျက်စီးခံရသည်ဟု Data For Myanmarက သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊
အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ ၂၀၂၃ခုနှစ် ဇူလိုင်၃၁ရက်နေ့အထိ စာရင်းများအရ အရပ်သားပြည်သူနေအိမ် (၇၄,၈၇၄)လုံး မီးရှို့ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်၊၊
၂ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်စီးခံရအများဆုံးမှာ စစ်ကိုင်းတိုင်းတွင် နေအိမ်( ၅၇,၅၀၃) လုံး ဖျက်စီးခံခဲ့ရသည်၊၊
မကွေးတိုင်းတွင်လည်း နေအိမ် ၁၁,၀၂၆ လုံး၊ ချင်းပြည်နယ် ၁၆,၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျန်ပြည်နယ်နှင့်တိုင်းများလည်း မီးရှို့ဖျက်ဆီးခံရမှုများ ဆက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
ယခုနှစ် ဇူလိုင်လ တစ်လအတွင်း နိုင်ငံတစ်ဝန်းတွင် နေအိမ် ၂၀၈၆ လုံးမီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း Data For Myanmar အဖွဲ့၏စာရင်းအရ သိရှိရသည်၊၊
စစ်ရေးပဋိပက္ခနှင့် မလုံခြုံမှုများကြောင့်လည်း မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါး (၁ ဒသမ ၉ သန်း ကျော်) ရှိလာပြီ ဟုကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) ၏ ဩဂုတ်လ ၁၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်၊၊
ထိုအထဲမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးသည် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခ နှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ ဖြစ်ကြသည်၊၊
ပုံ-CJ

Leave a Reply

Your email address will not be published. Required fields are marked *