ခမ်းသားငေါဝ်း
ဩတ်ဂုတ် ၉၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသအခြေစိုက် IWU အဖွဲ့က ၈၈၈၈ လုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်နေ့တွင် ခေတ်အဆက်
ဆက်အမျိုးသမီးများ၏ နိုင်ငံရေးစွမ်းဆောင်ရည်များကို ဂုဏ်ပြုသည့်အခမ်းအနားတစ်ရပ် ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးများ၏ ပါဝင်မှုများ၊ စည်းရုံးတိုက်ပွဲဝင်မှုများ ၎င်းကဲ့သို့အကြမ်းမဲ့နှလုံးရည်တိုက်ပွဲဝင်အံတုမှုကို ပြည်သူတစ်ယောက်ချင်းစီတိုင်း နိုင်ရာအခန်းဏ္ဍမှ ပါဝင်နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း IWUအတွင်းရေးမှူးက ဆိုပါသည်။
အဆိုပါဂုဏ်ပြုအခမ်းအနားကို ပအိုဝ့်အမျိုး
သားဖက်ဒရယ်ကောင်စီ PNFCဥက္ကဌ၊ မြန်မာနိုင်
ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်
တပ်ဦး ABSDF တာဝန်ရှိသူများ၊ NUG(အမျိုး
သမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာပြည်
ထောင်စုဝန်ကြီး)၊ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်များ၊ CRPH မှတာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
၈၈၈၈ လေးလုံးအရေးတော်ပုံသည် ပြည်သူများ၏ မကျေနပ်ချက်များ၊ စုပေါင်းတောင်းဆိုချက်များအား ယခုနွေဦးတော်လှန်တွင် အလုံးစုံပြန်လည်တွန်းလှန်ရမည်ဖြစ်ပြီး တိုင်းရင်းသားများ၏ မျှော်မှန်း ချက်ဖြစ်သည့် ဖက်ဒရယ်တိုင်းပြည်အတွက် လက်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း PNFC ဥက္ကဌဦးခွန်မြင့်ထွန်းက ပြောကြားခဲ့ပါသည်။
အရေးအခင်းတွင် ပေးဆပ်ခဲ့ရသူများအား အသိ အမှတ်ပြုသည့်အနေဖြင့် အင်းလေးအမျိုးသမီးသမဂ္ဂ -IWU က လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ IWU အင်္ကျီလုပ်ရှားမှု Campaign ပြုလုပ်ခဲ့ခြင်းဖြင့် အာဏာသိမ်းအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *