ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် (၁၀) ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းများ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
​ခရမ်းချည်သီးခြံ၊ စပါးခြံ၊ ပြောင်းခြံ၊ဂျင်းခြံစသည့် စိုက်ပျိုးရေးခြံများစွာအပြင် ပင်လောင်းမြို့ပေါ် အရှေ့ရပ်ရပ်ကွက်၊ကန်သာဦးရပ်ကွပ် ပင်လောင်းအနောက်ဖက်ရှိ ပင်လောင်းကြီးရွာနှင့် မြေနိမ့်ပိုင်းရှိကျေးရွာများတွင် ရေကြီး ရေလျံမှုများ ဖြစ်ပြီး ယခုထိ ရေပြန်ကျခြင်းမရှိသေးကြောင်းသိရသည်။
“ဒီနေ့တော့ မိုးမရွာတော့ဘူး ရေတော့မကျသေးဘူး ခရမ်းချဉ်ပင်တွေ အရွက်တွေပျက်စီးကုန်တယ် တစ်ခြားသောအပင်တွေလည်း ရေမြုပ်ပြီဆိုတော့ ရေမြန်မြန်ပြန်ကျရင် အပင်တွေမသေလောက်ဘူး ၅ ရက်လောက် ရေမကျရင် အရွက်တွေ ပုတ်သွားမယ် အပင်တွေ ထိခိုက်သွားမှာကိုစိုးရိမ်ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ပင်လောင်းမြို့သည် တောင်ပေါ်မြို့ဖြစ်ပြီး ရေကြီးမှု လည်း မဖြစ်ပွားဖူးဘဲ တစ်ချို့ မြေနိမ့်ပိုင်းနှင့် လမ်းအများစုတွင် ရေမြုပ်ကုန်ခြင်းတို့ကြောင့် ရေကြီးရာနေရာတွင် သွားလာခြင်းမပြုရန်လည်း ဒေသတွင်း အာဏာပိုင်များက တားမြစ် သတိပေးထားပါသည်။‌
ပင်လောင်း ဒေသ၌ပြီးခဲ့သည့် ဇွန်နှင့် ဇူလိူင်လ တို့တွင် မိုးခေါင်ပြီးမိုးမရွာခြင်းကြောင့် အပူချိန်မြင့်တက်ကာ ဒေသခံ စိုက်ပျိုးထားသည့် ပြောင်းပင် ဧကပေါင်း များစွာ လည်းပျက်စီး ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *