ခမ်းသားငေါဝ်း
ဩဂုတ် ၁၁၊၂၀၂၃
ယခုနှစ်နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ရှမ်းပြည်နယ်‌‌တောင်ပိုင်း ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများ ဂျင်းစျေးကောင်းရရှိနေကြောင်း ဩဂုတ်လ ၁၁ရက်နေ့တွင် သိရသည်။
ယခုလက်ရှိ ဈေးကွက်အတွင်း ဂျင်းပေါက်စျေးသည် ဂျင်းဥမအခက်ကြီး ၁ပိသာ (၇၀၀၀) ကျပ်အထိရရှိနေပြီး ဥမအခက်အလတ် ၁ ပိသာ (၃၇၀၀/၃၈၀၀)ကျပ် ပေါက်စျေးရှိကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
” ၂၀၂၁ ခုနှစ်တုန်းက ဂျင်းစျေး ၁ပိဿာ ၂၅၀ ကျပ် လောက်ပဲရှိတယ်၊ အဲအချိန်တုန်းက ဝယ်ပြီးစိုက်ထားတာပေါ့၊ ၂၀၂၂ခုနှစ်ရောက်တော့ ၅၀၀/၈၀၀/
၁၀၀၀ စျေးရတယ်၊ ဒီနှစ်ကျတော့ဂျင်း ဥမအလတ် ၃၇၀၀/၃၈၀၀ရပြီ၊ ဥမအကြီးက ၇၀၀၀ စျေးအထိရှိတယ်၊ ကျမတို့က ၁ပိဿာ ၃၅၀၀ စျေးကတည်းကရောင်းထုတ်လိုက်ပြီ ” ဟု ဂျင်းစိုက်ပျိုးတောင်သူ တစ်ဦးက ပြောသည်။
ဇူလိုင်လအတွင်း ဂျင်းဥမအခက်ကြီး ၁ပိသာ (၄၀၀၀/၄၅၀၀)ကျပ်၊ ဥမအလတ် ၁ပိသာ
(၃၀၀၀/၃၅၀၀)ကျပ် အထိရှိခဲ့သော်လည်း ယခုလတွင် ဥမအခက်ကြီး ၁ပိသာ(၇၀၀၀) ကျပ်နှင့် ဥမအလတ် (၃၇၀၀/၃၈၀၀)ကျပ်အထိ ပေါက်စျေးရှိကြောင်း သိရသည်။
ဂျင်းကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ပြီး၊ ချင်းပြည်နယ်တွင် ဒုတိယအများဆုံး နှင့် မန္တလေးတိုင်းတွင် တတိယအများဆုံးစိုက်ပျိုးလုပ်ကိုင်ကြရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *