ခမ်းသားငေါဝ်း
ဩဂုတ် ၁၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်း မှုတွင် ကျူးလွန်သူတရားခံအား ဟိုပုံးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် အမိန့်ချလိုက်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့က ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင် နေထိုင်သည့် ၁၁ နှစ်အရွယ် အမျိုးသမီးကလေငယ်အား တစ်ရပ်ကွက်တည်း နေထိုင်သူ ဦးထွန်အောင်က မုဒိန်းပြုကျင့် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းအမှုကို ဟိုပုံးခရိုင်တရားရုံးတွင် ဩဂုတ်လ ၇ ရက်နေ့က ပြစ်ဒဏ်ကျူးလွန်သူတရားခံအား ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချမှတ်လိုက်ကြောင့် သိရှိရပါသည်။
“ကျွန်တော်ရော ကျွန်တော်မိန်းမရော ဒီအမိန့်ချမှတ်လိုက်တဲ့အပေါ် ကျေနပ်တယ်၊ ကျွန်တော်အနေနဲ့ သူကို အနှစ် ၂၀ ဆို ၂၀ ကျခံချင်တယ်။ ဒီကြားထဲ နိုင်ငံတော်ကလွတ်ငြိမ်းချမ်းသာပေးတာတို့ ဘာတို့ မဖြစ်ဖို့ မျှော်လင့်တယ်။ ဘာလို့ဆို အခြားသူတွေဆို ၅ နှစ်တည်းနဲ့ ပြန်လွတ်လာတာမျိုးရှိတော့လေ အဲလို့တော့ မဖြစ်ချင်ဘူး“ ဟု ကလေးဖခင်ဖြစ်သူကပြောသည်။
ယခုကဲ့သို့ အမှုအား မြန်မြန်ဆန်ဆန်အမိန့်ချခြင်းကြောင့် ကျူးလွန်ခံရသူမိသာစုအနေဖြင့် စိတ်လုံခြုံမှုနှင့် တရားမျှတမှု ဖြစ်စေသည်ဟု ခံစားရကြောင်း နှင့် တရားခံအား အနှစ် ၂၀ တိတိ ထောင်တွင် နှစ်အပြည့်ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင့် ၄င်းက ဆက်ပြောသည်။
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း “ အတော်များများ သက်ငယ်မုဒိန်းမှုဖြစ်ဖြစ် အခြားသော အမျိုးသမီးအပေါ် အကြမ်ဖက်တာမျိုးဘဲဖြစ်ဖြစ် ဖြစ်ပွားပြီးဆိုရင် ကျမတို့ လူမှုအသိုင်းအဝိုင်းက ဖယ်ကျဉ်ထားတာမျိုးရှိတယ်။ ချက်ချင်း တုံ့ပြန် ဝန်းဝိုင်းမကူညီကြဘူး ရှောင်ရှားကြတယ်။ အခု အမှုက ရပ်ကွက်အုပ်ချုပ်ရေးမှူး ကအစ ကော်မတီအဖွဲ့တွင်က ပူးပေါင်းပါဝင်မှုအားကောင်းလို့ တရားရုံးကလည်း သက်ငယ်မုဒိန်းမှုကို မြန်မြန် အမိန့်ချနိုင်တယ်” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အမျိုးသမီး နှင့် ကလေးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားမှုများပြီး အမှု‌ တော်တော်များများတွင် တိုင်းတန်းခြင်း ဖြေရှင်းတုံ့ပြန်ခြင်းများ လုပ်ဆောင်မှု အားနည်းနေကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *