ခမ်းသားငေါဝ်း
ဩဂုတ် ၁၀၊၂၀၂၃
ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူအား စစ်ကောင်စီ၏ ကာလုံအစည်းအဝေးကို ပူးပေါင်းတက်ရောက်ခဲ့သဖြင့် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ဦးဟင်နရီဗန်ထီးယူသည် ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီအုပ်စုနှင့် (၃၁.၇.၂၀၂၃)နေ့တွင် ပူးပေါင်း ဆောင်ရွက်မှု တွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
NLD က ဒုတိယဗဟိုကော်မတီကြားကာလအစည်းအဝေးကို (၈.၈.၂၀၂၃)ရက်နေ့တွင် ခေါ်ယူခဲ့ပြီး ၎င်းကိစ္စအား ဗဟိုကော်မတီဝင်များ၏ သဘောထားများ ရယူဆွေးနွေး၍ ဦးဟင်နရီဗန်ထီးယူကို ပါတီအဖွဲ့ဝင်အဖြစ်မှထုတ်ပယ်ရန် အများသဘောတူဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဦးဟင်နရီဗန်ထီးယူသည် ပြည်သူများ၏ဆန္ဒကို အဓိကထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည် နှင့် ချမှတ်ထားသည့် မူဝါဒများကိုလည်း လိုက်နာဆောင်ရွက်ပါမည် ဟု ပေးအပ်ထားသည့် ဂတိသစ္စာများကို ချိုးဖောက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူကို ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *