ခမ်းသားငေါဝ်း
ဩဂုတ် ၁၁၊၂၀၂၃
စစ်ကောင်စီက ပြင်ဆင်နေသည့် ၂၀၀၈ ကို အခြေခံ သောရွေးကောက်ပွဲအား ကရင်အမျိုးသားအစည်း အရုံးအနေဖြင့် လက်မခံကြောင်းနှင့် ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲကို အခြေခံသည့် လှုပ်ရှားမှုမှန်သမျှ မကူကြရန် KNU ၏ အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးကပြောဆိုခဲ့သည်။
ယမန်နေ့သြဂုတ်(၁၀)ရက်နေ့က ကျင်းပသည့် KNU ၏(၁၇)ကြိမ်မြောက်ကွန်ကရက်အစည်းအဝေးအပြီး ရက်(၁၀၀)ပြည့်အနေဖြင့် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“၂၀၀၈ ကိုအခြေခံသည့် ဘယ်ရွေးကောက်ပွဲကိုမှ ကျွန်တော်တို့အသစ်မလုပ်ဘူး၊ လုပ်တဲ့ရွေးကောက်ပွဲသည် အကောင်းထက် အဆိုးဘက်ကိုပဲ ဦးတည်တယ်၊ နောက်ပြီးတော့လည်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြဿနာ ဖြေရှင်းတဲ့နေရာမှာ ခက်ခဲရှုတ်ထွေးသွားစေတယ်”ဟု ပဒိုစောတာဒိုမှူးက ပြောသည်။
လက်ရှိစစ်ကောင်စီ၏ အာဏာရှင် တည်တံ့ခိုင်မြဲရေးကို အခြေပြုသည့်ရွေးကောက်ပွဲ အားပေးအားမြောက်မလုပ်ကြရန် လှုပ်ရှားမှုမှန်သမျှမပါဝင်ကြရန်လည်း ပဒိုစောတာဒိုမူးက ဆက်ပြောကြားခဲ့သည်။
စစ်ကောင်စီခေါင်းဆောင်သည် NCAစာချုပ်ကို မျက်ကွယ်မပြန်ရန် သူတို့အနေဖြင့် NCA ကိုအလေးထားကြောင်းပြောခဲ့သော်လည်း မနေ့ကျင်းပသည့် KNU ၏သတင်းစာရှင်းလင်းပွဲတွင် NCA ၏မူကို စစ်တပ်ကိုယ်တိုင်ချိုးဖောက်နေသည့်အတွက် စာချုပ်မရှိတော့ကြောင်း လိုက်နာစရာမလိုတော့ကြောင်း ခိုင်ခိုင်မာမာပြောဆိုခဲ့သည်။
KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ၆ သိန်းကျော်အထိရှိလာသည့်အတွက် KNU မှတော်လှန်ရေး၏အဓိကရည်မှန်းချက်သည် ဘယ်အာဏာရှင်နှင့် မဟာလူမျိုးကြီးဝါဒမဆို တိုက်ထုတ်အဆုံးသတ်သွားရန်သာဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed